
ဝါရှင်တန် ဇူလိုင် ၈
ကူးစက်မြန်ပြင်းထန် ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ်သည် အယ်လ်ဖာအသွင်ပြောင်း ကိုဗစ်-၁၉ မျိုးစိတ်သစ်ကို ကျော်လွန်ပြီး အမေရိကန်ပြည်ထောင်စုတွင် လွှမ်းမိုးကူးစက်လျက်ရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ ခန့်မှန်းချက်သစ်အရ သိရသည်။
အိန္ဒိယနိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့သည့် ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်သည် ယခုအခါတွင် နိုင်ငံပေါင်း ၁ဝဝ ကျော်တွင် ကူးစက် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသည်။ အမေရိကန်ပြည်ထောင်စု တွင် ဇူလိုင် ၃ ရက်အထိ သီတင်းပတ်နှစ်ပတ်ကျော် ကာလအတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု၏ ၅၁ ဒသမ ၇ ရာခိုင်နှုန်းသည် ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့်ဖြစ်သည်။
ဗြိတိန်တွင် ပထမဆုံးတွေ့ရှိခဲ့သည့် အယ်လ်ဖာ အသွင်ပြောင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် ၂၈ ဒသမ ၇ ရာခိုင်နှုန်းရှိကြောင်း အမေရိကန်ရောဂါ ထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုဆောင်းရာသီတွင် အသွင်ပြောင်းကိုဗစ်-၁၉ ကြောင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုများ ပြန်လည် တိုးလာပြီး ကာကွယ်ဆေးမထိုးထားသူများအနေဖြင့် ကိုဗစ်-၁၉ ပိုမိုကူးစက်ဖြစ်ပွားလာမည့်အပေါ် စိုးရိမ် လျက်ရှိသည်။
မကြာသေးမီက ကျန်းမာရေးအရာရှိများနှင့် ကျွမ်းကျင်သူများက ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုသည် အမေရိကန် ပြည်ထောင်စုတွင် လွှမ်းမိုးဖြစ်ပေါ်လာမည့် အခြေ အနေကို သတိပေးထားကြောင်း သိရသည်။
ဆင်ဟွာ