ဒယ်လ်တာအသွင်ပြောင်း ကိုဗစ်- ၁၉ မျိုးစိတ်သစ်ကို နိုင်ငံနှင့် ဒေသပေါင်း ၁၀၀ ကျော်တွင် တွေ့ရှိ

ဂျီနီဗာ  ဇူလိုင်  ၇ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အိန္ဒိယ နိုင်ငံတွင်   ပထမဆုံး   စမ်းသပ် တွေ့ရှိခဲ့သော   ဒယ်လ်တာအသွင် ပြောင်း  ကိုဗစ်-  ၁၉  ဗိုင်းရပ်စ်ကို ယခုအခါတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၀၀   ကျော်တွင်    တွေ့ရှိနေပြီ ဖြစ်ကြောင်း ဖော်ပြခဲ့သည်။ 


ဒယ်လ်တာ   အသွင်ပြောင်း ကိုဗစ်- ၁၉ မျိုးစိတ်သစ်ကို  ဇူလိုင် ၆ ရက်အထိ နိုင်ငံနှင့် ဒေသပေါင်း ၁၀၄ ခုတွင် တွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏    နောက်ဆုံး ဖော်ပြချက်အရ သိရသည်။ 


ဧပြီ ၂၇ ရက်အထိ  အိန္ဒိယနိုင်ငံ နှင့်  အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံပေါင်း အနည်းဆုံး ၁၇ ခု၊    မေလနှောင်းပိုင်းတွင် နိုင်ငံနှင့် ဒေသပေါင်း ၆၀ ၊ ဇွန်လ နှောင်းပိုင်းတွင် နိုင်ငံနှင့်  ဒေသ ပေါင်း ၉၆ ခုနှင့် ယနေ့အချိန်တွင် နိုင်ငံနှင့်  ဒေသပေါင်း ၁၀၄ ခုအထိ  ကူးစက်ပျံ့နှံ့နေပြီ      ဖြစ်ကြောင်း သိရသည်။ 


ဇူလိုင် ၆ ရက်အထိ တခြား ကိုဗစ်-၁၉ အသွင်ပြောင်းမျိုးစိတ် သစ်များကို လေ့လာကြည့်ပါက ဗြိတိန်တွင်   ပထမဆုံး   တွေ့ရှိခဲ့ သည့်   အယ်လ်ဖာ   ကိုဗစ်-၁၉ အသွင်ပြောင်း     မျိုးစိတ်သစ်ကို တွေ့ရှိခဲ့သည့်  နိုင်ငံပေါင်းမှာ ယခု အခါတွင်    ၁၇၃ နိုင်ငံ   ရှိလာပြီ ဖြစ်သည်။ 


တောင်အာဖရိကတွင်   ပထမ ဆုံးတွေ့ရှိခဲ့သည့် ဘီတာ ကိုဗစ်-၁၉ မျိုးစိတ်သစ် ကူးစက်ဖြစ်ပွား လျက်ရှိသော       နိုင်ငံပေါင်းမှာ ယခုအခါတွင် ၁၂၂ နိုင်ငံအထိ တိုးလာခဲ့ပြီဖြစ်သည်။ ထို့အပြင် ဂမ်မာ   ကိုဗစ်- ၁၉ မျိုးစိတ်သစ် တွေ့ရှိခဲ့သည့်   နိုင်ငံပေါင်းမှာလည်း ယခုအခါ  ၇၄ နိုင်ငံအထိ     ရှိလာ ခဲ့ပြီ ဖြစ်သည်။ 


ကိုဗစ်- ၁၉   အသွင်ပြောင်း မျိုးစိတ်သစ်များကို    ဆက်လက် စောင့်ကြည့်လျက်ရှိကြောင်း  အစီ ရင်ခံစာတွင်     ဖော်ပြထားသည်။  ယခုအခါတွင်       ကမ္ဘာတစ်ဝန်း ကိုဗစ်-  ၁၉ ကူးစက်ဖြစ်ပွားမှုများ တိုးလာခဲ့သည်။ 


အင်န်အိတ်ချ်ကေ