ဧရာဝတီ၊ ချင်းတွင်းနှင့် ဒုဋ္ဌဝတီမြစ်ရေကြီးမှုအခြေအနေ၊ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများ သတိပြုရန်

နေပြည်တော်    ဇူလိုင်    ၆
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် မန္တလေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၆ ပေခန့် (၁၈၄ စင်တီမီတာ)တွင် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက် သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
စစ်ကိုင်းမြို့တွင်   ယင်းမြို့၏   စိုးရိမ်ရေမှတ်အောက်   ၅ ပေခွဲ ကျော်ခန့် (၁၇၁ စင်တီမီတာ)တွင် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေ သည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
မြင်းမူမြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက်   ငါးပေခွဲခန့် (၁၆၉ စင်တီမီတာ)တွင်  ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ပခုက္ကူ မြို့တွင်  ယင်းမြို့၏  စိုးရိမ်ရေမှတ်အောက်  ၄ ပေခွဲကျော် ခန့် (၁၄၃ စင်တီမီတာ) တွင်   ရောက်ရှိနေသည်။   အဆိုပါမြစ်ရေ သည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်သည်။
ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် လေးပေခွဲခန့် (၁၃၉ စင်တီမီတာ)တွင်  ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏  စိုးရိမ်ရေမှတ်သို့  ရောက်ရှိနိုင် သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေ သည် ကလေးဝမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက်  ၁ ပေခွဲ ကျော်ခန့် (၄၉ စင်တီမီတာ) တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည်  နောက်  ၁၂ နာရီအတွင်း  ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်သည်။
မင်းကင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် တစ်ပေခွဲခန့် (၄၀ စင်တီမီတာ) တွင်   ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည်  နောက် ၁၂ နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၁ ပေခွဲကျော်ခန့် (၅၃ စင်တီမီတာ) တွင်  ရောက်ရှိနေပါသည်။   အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
ယနေ့ မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် ၅ ပေခွဲကျော်ခန့် (၁၇၄ စင်တီမီတာ)တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်သုံးရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ မန္တလေးမြို့၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ ပခုက္ကူ မြို့နယ်၊ ညောင်ဦးမြို့နယ်၊ ကလေးဝမြို့နယ်၊ မင်းကင်းမြို့နယ်၊ မုံရွာ မြို့နယ်နှင့် မြစ်ငယ်မြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ် ပါသည်။
မိုး/ဇလ