ဧရာဝတီမြစ်ရေဝင်ရောက်ခဲ့သည့် ပြည်မြို့ရှိ မူလတန်းလွန်ကျောင်းအတွက် စာရေးကိရိယာများနှင့် အလှူငွေများထောက်ပံ့

 

ပြည်    ဇူလိုင်    ၂၅


ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် တွင် ဇူလိုင် ၁၅ ရက်ကစ၍   ဧရာ ဝတီမြစ်ရေ  မြင့်တက်ဝင်ရောက်  ခဲ့သည့် နဝင်းရပ်ကွက် မြေနိမ့်ပိုင်း ရှိ (နဝင်း)အခြေခံပညာမူလတန်း လွန်ကျောင်းမှ    ကျောင်းသား ကျောင်းသူများအတွက်   စာရေး ကိရိယာများနှင့်     ထောက်ပံ့ လှူဒါန်းငွေများ   ပေးအပ်ပွဲကို   ယနေ့နံနက် ၁၁ နာရီက အဆိုပါ ကျောင်း၌ ကျင်းပသည်။


ထိုသို့ထောက်ပံ့လှူဒါန်းခြင်း ကို မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်  မှုအသင်းဥက္ကဋ္ဌ ဦးခင်မောင်သန်း ဦးဆောင်မှုဖြင့်  တိုင်းဒေသကြီး နှင့်ပြည်နယ်အသီးသီးမှ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်းများနှင့် ပဲခူး တိုင်းဒေသကြီး  (အနောက်ခြမ်း) ပြည်ခရိုင်၊   ပြည်မြို့နယ်   အိမ်ခြံ မြေဝန်ဆောင်မှုအသင်း     အကျိုး ဆောင်များ  စုပေါင်းလှူဒါန်းခြင်း ဖြစ်သည်။  ယင်းသို့လှူဒါန်းရာတွင်  ပြည်ခရိုင် အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးထင်ကျော်ဦးနှင့် အဖွဲ့ဝင်များက အဆိုပါကျောင်းမှ ကျောင်းသား   ကျောင်းသူပေါင်း ၂၈၆  ဦးအတွက်    ဗလာစာအုပ် ၁၁၅၆ အုပ်၊ ခဲတံ ၅၀၄ ချောင်း၊  ဘောပင်     ၁၅၂  ချောင်းတို့ကို ကျောင်းသား ကျောင်းသူများထံ လက်ဝယ်အရောက်   ထောက်ပံ့ ပေးအပ်ပြီး     ကျောင်းအတွက် လိုအပ်လျက်ရှိသော စာသင်ခုံများ ပြုပြင်ရန်အတွက်   ထောက်ပံ့ ငွေကျပ်လေးသိန်းကို      မြို့နယ် ပညာရေးမှူး ဒေါ်နော်အေးမေနှင့် ကျောင်းအုပ်ကြီး ဒေါ်စောယုမြင့် ထံသို့ ပေးအပ်လှူဒါန်းသည်။


ပြည်မြို့နယ်တွင်    ဧရာဝတီ မြစ်ရေ   မြင့်တက်ဝင်ရောက်ခဲ့မှု  ကြောင့် နဝင်း(မူလွန်)ကျောင်း အပါအဝင်     အ-လ-က(ဇလုံ)၊ အ-လ-က        (ကုန်းသာလင်း)၊ ဖိုးခေါင်(မူလွန်)၊ ချောင်းနားတန်း  (မူလွန်)၊ သဲဖြူ(မူလွန်)၊ အနောက် လက်ခုပ်ပင်(မူလွန်)၊ အ-မ-က (ဇီးကုန်း)နှင့် အ-မ-က   (တောင် ကုန်း)     ကျောင်းတို့တွင်လည်း အလားတူ ကူညီထောက်ပံ့မှုများ လိုအပ်လျက် ရှိနေသေးကြောင်း သိရသည်။ 

ကိုဆက်(ပြန်/ဆက်)