ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေကြီးမှု အခြေအနေ

နေပြည်တော်  ဇူလိုင်  ၁၂
ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့ နံနက် ၉ နာရီခွဲတိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင်  ယင်းမြို့၏     စိုးရိမ်ရေမှတ်အထက်သို့    တစ်ပေခန့် (၂၅ စင်တီမီတာ)    ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည်  နောက်နှစ်ရက်အတွင်း   စိုးရိမ်ရေမှတ်အောက်သို့   ပြန်လည်ကျဆင်း နိုင်သည်။
ကသာမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့  ပေဝက်ခန့် (၁၄ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည်ကျဆင်းနိုင် သည်။
မန္တလေးမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့  တစ်ပေခွဲ ကျော်ခန့် (၅၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါ မြစ်ရေသည်  နောက်တစ်ရက်အတွင်း  သုံးလက်မခန့်  ကျဆင်းလာနိုင် ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
စစ်ကိုင်းမြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့ တစ်ပေခွဲ ကျော်ခန့် (၅၀ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင် ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
မြင်းမူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် (၅၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ  မြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် မြင့်တက်လာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ပခုက္ကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲခန့် (၁၀၇ စင်တီမီတာ)  ကျော်လွန်ရောက်ရှိနေသည်။   အဆိုပါမြစ်ရေ သည် နောက်တစ်ရက်အတွင်း တစ်ပေခန့် မြင့်တက်လာနိုင်ပြီး ယင်း မြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ညောင်ဦးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ လေးပေ ခွဲခန့် (၁၃၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည်  နောက်တစ်ရက်အတွင်း   တစ်ပေခန့်  မြင့်တက်လာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့ နံနက် ၆ နာရီခွဲတိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ လေးပေကျော်ခန့် (၁၂၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း တစ်ပေခွဲခန့် ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဖောင်းပြင်မြို့တွင် ယင်းမြို့၏  စိုးရိမ်ရေမှတ်အထက်သို့  ရှစ်ပေ ခန့် (၂၄၅ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါ မြစ်ရေ သည် နောက်တစ်ရက်အတွင်း  တစ်ပေခန့်   ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ယနေ့နံနက် ၉ နာရီခွဲတိုင်းထွာချက်များအရ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ငါးပေခွဲခန့် (၁၆၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည် နောက်တစ်ရက်အတွင်း တစ်ပေခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
မော်လိုက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့   ကိုးပေ ခန့် (၂၇၃ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။ အဆိုပါမြစ်ရေ သည်   နောက်တစ်ရက်အတွင်း  ပေဝက်ခန့်  ကျဆင်းလာနိုင်ပြီး  ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ကလေးဝမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့  ခုနစ်ပေ ခန့် (၂၁၁ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေ သည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့ ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
မင်းကင်းမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ခြောက်ပေ ကျော်ခန့် (၁၈၆ စင်တီမီတာ) ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါ မြစ်ရေသည် နောက်တစ်ရက်အတွင်း ပေဝက်ခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
မုံရွာမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ သုံးပေခွဲခန့် (၁၀၆  စင်တီမီတာ)   ကျော်လွန်ရောက်ရှိနေသည်။   အဆိုပါမြစ်ရေ သည်  နောက်တစ်ရက်အတွင်း သုံးလက်မခန့်  မြင့်တက်လာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
ဒုဋ္ဌဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအ​ခြေအနေ
ယနေ့ နံနက် ၉ နာရီခွဲ တိုင်းထွာချက်အရ ဒုဋ္ဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ နှစ်ပေခန့် (၅၇ စင်တီမီတာ)   ကျော်လွန်ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း သုံးလက်မခန့် ကျဆင်းလာနိုင်ပြီး ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်သည်။
အကြံပြုချက်
သို့ဖြစ်ပါ၍ ရွှေကူမြို့နယ်၊ ကသာမြို့နယ်၊ သပိတ်ကျင်းမြို့နယ်၊ စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊  ပခုက္ကူမြို့နယ်၊  ညောင်ဦးမြို့နယ်၊ ခန္တီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်၊ ဖောင်းပြင်မြို့နယ်၊ မော်လိုက်မြို့နယ်၊ ကလေးဝမြို့နယ်၊   မင်းကင်းမြို့နယ်၊  မုံရွာမြို့နယ်၊  မန္တလေးမြို့နှင့် မြစ်ငယ်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေ ဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။  

မိုး/ဇလ