ဧရာဝတီနှင့် ငဝန်မြစ်ရေကြီးမှုအခြေအနေ

နေပြည်တော်    ဇူလိုင်    ၁၂
ယနေ့မွန်းလွဲ ၁၂ နာရီခွဲ တိုင်းထွာချက်များအရ ဧရာဝတီမြစ်ရေသည် ချောက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် လေးပေကျော်ခန့် (၁၂၉ စင်တီမီတာ)တွင် ရောက်ရှိနေသည်။  အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း  ယင်းမြို့၏  စိုးရိမ်ရေမှတ်သို့  ရောက်ရှိ နိုင်သည်။
မင်းဘူးမြို့တွင်  ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့် (၆၁ စင်တီမီတာ)တွင်  ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
မကွေးမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေကျော် ခန့် (၉၆ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
အောင်လံမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခွဲ ခန့် (၁၀၈ စင်တီမီတာ) တွင်  ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
ပြည်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခွဲကျော် ခန့် (၁၁၂ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏   စိုးရိမ်ရေမှတ်သို့  ရောက်ရှိ နိုင်သည်။
ဆိပ်သာမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခန့် (၅၉ စင်တီမီတာ)တွင်  ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည် နောက်တစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
ဟင်္သာတမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် နှစ်ပေခွဲခန့် (၆၉ စင်တီမီတာ)တွင်   ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက်နှစ်ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင် သည်။
ဇလွန်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် သုံးပေခန့် (၉၂ စင်တီမီတာ)တွင်  ရောက်ရှိနေသည်။   အဆိုပါမြစ်ရေသည် နောက်သုံးရက်အတွင်း  ယင်းမြို့၏စိုးရိမ်ရေမှတ်သို့ ရောက်ရှိ နိုင်သည်။
ငဝန်မြစ်ရေသည်  ငါးသိုင်းချောင်းမြို့တွင် ယင်းမြို့၏ စိုးရိမ် ရေမှတ်အောက် သုံးပေခန့် (၈၉ စင်တီမီတာ)တွင် ရောက်ရှိနေသည်။ အဆိုပါမြစ်ရေသည်    နောက်နှစ်ရက်အတွင်း   ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်သည်။
သို့ဖြစ်ပါ၍ ချောက်မြို့နယ်၊  မင်းဘူးမြို့နယ်၊ မကွေးမြို့နယ်၊ အောင်လံမြို့နယ်၊ ပြည်မြို့နယ်၊  ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ ဆိပ်သာမြို့နှင့် ငါးသိုင်းချောင်းမြို့များအတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။                     မိုး/ဇလ