
နေပြည်တော် ဩဂုတ် ၁
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှ ပြည်သူ့စစ်မှုထမ်း သင်တန်း အမှတ်စဉ် (၄/၂၀၂၄) သို့ တက်ရောက်မည့် နိုင်ငံ့သားကောင်းရတနာများအား ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်း စစ်ဌာန ချုပ် တိုင်းမှူး ဗိုလ်ချုပ် ဝေလင်းနှင့်တာဝန်ရှိသူများက တိုင်းစစ်ဌာနချုပ် တပ်နယ်အားကစားရုံ၌ သွားရောက်တွေ့ဆုံအားပေးသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၄/၂၀၂၄)သို့ တက်ရောက် ကြမည့် နိုင်ငံ့သားကောင်းရတနာများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကား ပြောကြားပြီး ထောက်ပံ့ပစ္စည်းများပေးအပ်ကာ လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်