ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်းရှိ ရေလှောင်တမံများအား ကြည့်ရှုစစ်ဆေး

 

ပုသိမ်    ဇူလိုင်     ၂၇


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းက   တိုင်းဒေသကြီး  အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာ များနှင့်အတူ     မြန်အောင်ခရိုင် အတွင်းရှိ     ရေလှောင်တမံများ ၏    ကြံ့ခိုင်မှုအခြေအနေများ၊ ရေသိုလှောင်ထားရှိမှု၊  ရေပိုလွှဲမှ ရေထုတ်မှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည်  မြန်အောင်ခရိုင် မြန်အောင်မြို့နယ် မျှင်ဝါးတောင် ကျေးရွာအနီးရှိ မမြရေလှောင်တမံ စီမံကိန်းသို့    သွားရောက်ခဲ့ပြီး ခုနှစ်အလိုက်   မိုးရေချိန်လက်မ၊ ပင်မရေပိုလွှဲမှ   ရေကျော်သည့်  အမြင့်ဆုံးရေမှတ်၊ အမြင့်ဆုံးပေ၊ ရေကျော်သည့်ရက်၊ ၂၀၁၈ ခုနှစ် တွင် မမြဆည်ရေပိုလွှဲမှ အမြင့်ဆုံး ရေကျော်ခဲ့မှုနှင့်(ယနေ့) ဇူလိုင် ၂၇ ရက် မွန်းလွဲ   ၂ နာရီတွင်  မမြဆည် ရေပိုလွှဲမှ       ရေကျော်စီးဆင်းမှု အခြေအနေများကို     ရှင်းလင်း တင်ပြသည်။
ထို့နောက်   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်         အဖွဲ့သည် ရေပိုလွဲမှ      ရေကျော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး     ရှင်းလင်း ဆောင်တွင်      တာဝန်ရှိသူများ ၏  ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များ    မှာကြားကာ ဝန်ထမ်းများအား စားသောက်ဖွယ် ရာများ ထောက်ပံ့ပေးအပ်သည်။
အလားတူ   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည်  အင်္ဂပူ မြို့နယ်  တပ်ကုန်းကျေးရွာအနီးရှိ ကညင်ရေလှောင်တမံစီမံကိန်းသို့ သွားရောက်၍     ပင်မရေပိုလွှဲမှ နှစ်အလိုက်    ရေကျော်မှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူ များက ကညင်ဆည်  ရေပိုလွှဲမှ ဇူလိုင်  ၂၇  ရက် မွန်းလွဲ  ၃  နာရီ တွင် ကညင်ဆည်ရေပိုလွှဲထိပ်မှ   ရေကျော်စီးဆင်းမှု  အခြေအနေ များ    ရှင်းလင်းတင်ပြရာ   တိုင်း ဒေသကြီး           ဝန်ကြီးချုပ်က ရေလှောင်တမံ       ရေပိုလွှဲက ရေကျော်နေမှုကို   စောင့်ကြည့် မှတ်တမ်းတင်ထားရှိရန်၊  အချိန်နှင့် တစ်ပြေးညီတင်ပြရန်၊ ရေလှောင် တမံကြံ့ခိုင်ရေး   စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန်   မှာကြား ပြီး ဝန်ထမ်းများအား စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သိရ သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)