ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးလှမိုးအောင် လွှတ်တော်ရုံးသစ်ဖွင့်ပွဲ တက်ရောက်

Image not available
 
 
 
ပုသိမ် ဖေဖော်ဝါရီ ၇
 
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် တိုင်းဒေသကြီး လွှတ်တော်ရုံး အဆောက်အအုံသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက အဆိုပါအဆောက်အအုံ သစ်ရုံးရှေ့၌ ကျင်းပသည်။
 
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ လွှတ်တော်ရုံးကို လှည့်လည်ကြည့်ရှုကြသည်။
 
ထို့နောက် တိုင်း‌ဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးအောင် ကျော်ခိုင်နှင့် တာဝန်ရှိသူများက ပါဝင်ကူညီဆောင်ရွက်ခဲ့ ကြသော တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တည်ဆောက် ရေးကုမ္ပဏီများ၊ တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော် များမှ တက်ရောက်လာကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရ သည်။
 
 
မောင်မောင်မြင့်၊ ဝင်းကြိုင်၊ စိုးမင်းဦး (ပြန်/ဆက်)