
ဆန်ဖရန်စစ္စကို အောက်တိုဘာ ၂၉
Facebook အမှုဆောင်အရာရှိချုပ် (စီအီးအို) မာ့ခ်ဇူကာဘတ်သည် အောက်တိုဘာ ၂၈ ရက်က Facebook ကုမ္ပဏီနာမည်ကို Meta ဟုပြောင်းလိုက်ကြောင်း ကြေညာလိုက်သည်။
မိမိတို့ မည်သူမည်ဝါဖြစ်ကြောင်း ထင်ဟပ်စေရန်နှင့် မိမိတို့တည်ဆောက် မည့်အနာဂတ်ကို ပုံရိပ်ထင်စေမည်ဖြစ် ကြောင်း၊ အခုတော့ မိမိတို့၏ကုမ္ပဏီသည် Meta ဖြစ်သွားပြီဟု ဂုဏ်ယူစွာဖြင့် မျှဝေ လိုက်ကြောင်း ဇူကာဘတ်က ပြောသည်။
လူမှုဘဝထဲဆောင်ကြဉ်းလာ
Meta ၏ ဦးတည်ရာပန်းတိုင်သည် Metaverse ကိုလူမှုဘဝထဲ ဆောင်ကြဉ်း လာရန်နှင့် ပြည်သူတွေကို တစ်ဦးနှင့် တစ်ဦး ဆက်သွယ်မှုများလုပ်ဆောင်နိုင် ရန်၊ လူမှုအသိုက်အဝန်းများအလိုက် တူရာအုပ်စုများကို ရှာဖွေနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ ပိုမိုကြီးထွားလာ စေရန်ဖြစ်ကြောင်း ကုမ္ပဏီက ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။
လူမှုအတွေ့အကြုံများပေါင်းစပ်ထား
Metaverse ကို ယနေ့အွန်လိုင်း လူမှုရေးအတွေ့အကြုံများ ပေါင်းစပ်ထား သကဲ့သို့ ခံစားအသုံးပြုနိုင်မည်ဖြစ်ပြီး တစ်ခါတစ်ရံတွင် သုံးဖက်မြင် သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာကမ္ဘာကြီးဆီသို့ ရောက်သွား သလို ခံစားအသုံးပြုနိုင်ရန် ထပ်မံတိုးချဲ့ ထားကြောင်း သိရသည်။
မိမိတို့အနေဖြင့် တစ်ဦးနှင့်တစ်ဦး အတူတကွမရှိချိန်တွင် များပြားလှသော အတွေ့အကြုံများကို ဝေမျှနိုင်မည်ဖြစ် သည်။ ထို့အပြင် လက်တွေ့ဘဝတွင် လုပ်နိုင်ရန်မသေချာသည့် ကိစ္စရပ်များ ကိုလည်း အတူတကွ လုပ်ဆောင်သွားနိုင် မည်ဖြစ်ကြောင်း ကုမ္ပဏီ၏ ထုတ်ပြန် ချက်တွင် ဆက်လက်ဖော်ပြထားသည်။
သမိုင်းတစ်ခေတ်ဆန်းသစ်
လူမှုရေးဆိုင်ရာ နည်းပညာတိုးတက် ပြောင်းလဲမှုဖြစ်ကြောင်းနှင့် ကုမ္ပဏီအနေ ဖြင့် သမိုင်းတစ်ခေတ်ဆန်းသစ်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြ ထားသည်။
အခုမှစပြီး Metaverse သည်ပထမ၊ Facebook သည် မဟုတ်တော့ကြောင်း၊ ဆိုလိုသည်မှာ မိမိတို့၏ တခြားဝန်ဆောင် မှုများကို အသုံးပြုရာတွင် Facebook အကောင့် လိုအပ်တော့မည်မဟုတ် ကြောင်း ဇူကာဘတ်က ပြောသည်။
ဆင်ဟွာ