
ဘာလင် နိုဝင်ဘာ ၁၉
ဂျာမနီနိုင်ငံသည် ကိုဗစ် -၁၉ တိုက်ဖျက်ရေးအတွက် ကန့်သတ် ချက်များကို အရှိန်တိုးမြှင့် လုပ်ဆောင်သွားရန် ဆုံးဖြတ်ထား ကြောင်း သိရသည်။
တစ်ရက်အတွင်း ကိုဗစ်-၁၉ကူးစက်ခံရသူ ၆၀၀၀၀ ထက် ကျော်လွန်သွားသည့်နောက် ယခု လို ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ် သည်။ နိုဝင်ဘာ ၁၈ ရက်တစ်ရက် တည်းတွင်ပင် ကိုဗစ် -၁၉ ကူးစက်ခံရသူဦးရေမှာ ၆၅၃၇၁ ဦးရှိသည်ဟု နိုင်ငံ၏ ကူးစက် ရောဂါ အေဂျင်စီတစ်ခုဖြစ်သော ရောဘတ်ကို့ချ် အင်စတီကျုက ပြောသည်။
နိုင်ငံအတွင်း အချို့သော နေရာများ၌ ကျန်းမာရေးစနစ် မှာ ဝန်ပိနေပြီဖြစ်ကြောင်းကို လည်း အဆိုပါအင်စတီကျုက ထောက်ပြလျက်ရှိသည်။
ကန့်သတ်ချက် အဆင့်များ ကို တိုးသွားမည်ဖြစ်ကြောင်း ဂျာမနီဝန်ကြီးချုပ် အိန်ဂျလာမာ ကယ်က ပြောသည်။ ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ရသည့် လူနာအရေအတွက်အပေါ် မူတည် ကာ ကန့်သတ်ချက်တိုးမြှင့်မှုများ ပြုလုပ်သွားမည်ဟုလည် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
လက်ရှိ ထုတ်ပြန်ထားသည့် စည်းမျဉ်းအရ လူဦးရေ တစ်သိန်း တွင် ဆေးရုံတက်ရသည့် လူနာ သုံးဦးထက် ကျော်လွန်သည့်ဒေသ များတွင် စားသောက်ဆိုင်များနှင့် အခြားသော အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများသို့ ကာကွယ်ဆေး ထိုးပြီးသားများ သာသွားလာနိုင်သည်ဟု သိရသည်။
ဂျာမနီနိုင်ငံ၌ ကိုဗစ် -၁၉ ကာကွယ်ဆေး ထိုးမှုမှာလည်း ကျဆင်းလျက်ရှိသည်။ အချို့သော နေရာများတွင် ကာကွယ်ဆေး ထိုးကြရန် တွန့်ဆုတ်နေကြဆဲ ဖြစ်သည်။ လက်ရှိကပ်ရောဂါ အခြေအနေမှာ စိုးရိမ်စရာကောင်း သည့်အတွက် ကာကွယ်ဆေး ထိုးနှံမှု ခံယူကြရန် အိန်ဂျလာ မာကယ်က တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ