ဂျာမနီနိုင်ငံ၌ ရောဂါကြောင့် သီးခြားကန့်သတ်ထားသည့်ကာလကို လျှော့ချပေးမည်

 

ဘာလင် ဇန်နဝါရီ ၈


ဂျာမနီနိုင်ငံသည်   ကိုဗစ် -၁၉ တိုက်ဖျက်ရေး   လှုပ်ရှားမှုအဖြစ် စားသောက်ဆိုင်များနှင့် ယမကာ ဆိုင်များသို့ သွားရောက်ခြင်းကို  ကန့်သတ်ချက်များ  တိုးမြှင့်လျက် ရှိသည်။ ထို့ပြင် ရောဂါကြောင့် သီးခြားထား အသွားအလာကန့် သတ်ထားသည့်ကာလကိုလည်း လျှော့ချပေးခဲ့သည်ဟု သိရသည်။    ဟိုတယ်များအပါအဝင် ဝန်ဆောင်မှု ပေးသည့်နေရာများသို့    ပြည်သူ များ  သွားလာပါက  ကိုဗစ် - ၁၉  ကာကွယ်ဆေးထိုးထားကြောင်း အပြင်    ကိုဗစ် -၁၉   ကင်းစင် ကြောင်း    ဆေးစစ်ချက်ကိုပါ ပြသရမည်ဟု ဂျာမနီဝန်ကြီးချုပ်  အိုလတ်ဖ်ရှို့ဇ်က ဇန်နဝါရီ ၇ ရက် တွင် ပြောသည်။

 


ကာကွယ်ဆေးအပိုဆောင်းထိုးထားကြသူများအတွက် ကိုဗစ်- ၁၉ ကင်းစင်ကြောင်း ဆေးလက် မှတ်ပြသရန် မလိုအပ်ပေ။ ရောဂါ ကူးစက်ခံရသူများနှင့်ထိတွေ့မိသူ များကို သီးခြားထား  အသွားအလာ ကန့်သတ်သည့်ကာလကိုလည်း လျှော့ချပေးမည်ဟု       ၎င်းက   ကြေညာခဲ့သည်။   လက်ရှိတွင်   အိုမီခရွန် ကူးစက်ခံရသူနှင့်ထိတွေ့ မိပြီးနောက်  ဆေးစစ်ချက်တွင် ရောဂါကူးစက်ခံထားရခြင်းမတွေ့ရှိပါက အသွားအလာကန့်သတ် သည့်ကာလကို ၁၄ ရက် သတ်မှတ် ထားရာမှ  ၇ ရက်အထိ လျှော့ချ ပေးမည်ဟု သိရသည်။ ကာကွယ် ဆေးနှစ်ကြိမ်အပြင် နောက်ထပ်   ထပ်မံထိုးထားသူများမှာ  အသွား အလာစောင့်ကြည့် ကန့်သတ်ခံရန် မလိုအပ်ပေ။ ကူးစက်မြန်အိုမီခရွန်   ကူးစက်မှုများ   ရှိနေစဉ်အတွင်း အသွားအလာ ကန့်သတ်ခံရမှုများ ကြောင့်     ကျန်းမာရေးစနစ်တွင် ဝန်ပိလာမှုများ ရှိလာမည်ကိုစိုးရိမ် သည့်အတွက်  ယခုလို   ပြင်ဆင် ပေးခဲ့ခြင်းဖြစ်သည်။    ကာကွယ် ဆေးထိုးခြင်း၊     လူအချင်းချင်း ထိတွေ့မှုများကို ရှောင်ရှားခြင်း ဖြင့်   တိုင်းပြည်ကို     ကူးစက်မှု အန္တရာယ်မှ   ကင်းလွတ်အောင် ကူညီပေးကြရန်လည်း    ဝန်ကြီး ချုပ်က တောင်းဆိုခဲ့သည်။ ဂျာမနီ နိုင်ငံ၌   မကြာသေးမီအချိန်မှ စတင်ကာ   နေ့စဉ်ကူးစက်မှုမှာ ၆၀၀၀၀   ဝန်းကျင်အထိ   ရှိလာ ခဲ့သည်။ 


အင်န်အိတ်ချ်ကေ