ဂျာမနီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၈၀၃၇ ဦးရှိလာ

ဘာလင်   အောက်တိုဘာ   ၂၈


ဂျာမနီနိုင်ငံ၌ တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၂၈၀၃၇ ဦးရှိကြောင်း ရောဘတ်ကို့စ် အင်စတီကျုက ယနေ့ ပြောကြားသည်။ 
နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မြင့်တက်လာသဖြင့် ဆေးရုံများအတွက် ဝန်ထုပ် ဝန်ပိုးများ ဖြစ်လာနိုင်ကြောင်းနှင့် မိမိတို့နိုင်ငံသည် ကိုဗစ်-၁၉ ရောဂါ၏  ရောဂါကူးစက်မှုအမြင့်ဆုံး အခြေအနေသို့  ရောက်ရှိနေကြောင်း  ဂျာမနီနိုင်ငံ ဆေးရုံများအဖွဲ့မှ   တာဝန်ရှိသူ   ဂျီရယ်ဂတ်စ်က  ပြောကြားသည်။    ပြီးခဲ့သည့် သီတင်းပတ်အတွင်း      ကိုဗစ်-၁၉  ရောဂါကြောင့်    ဆေးရုံတက်ရောက် ကုသသူ   အရေအတွက်သည်   ၄၀  ရာခိုင်နှုန်းအထိ   မြင့်တက်လာခဲ့ပြီး   ၎င်းတို့အနက်   ၁၅  ရာခိုင်နှုန်း ဖြစ်သော  လူနာအရေအတွက် ၁၈၀၀ သည် အထူး ကြပ်မတ်ကုသဆောင် များ၌  ကုသမှုခံယူနေရကြောင်း  ၎င်းက ပြောကြားသည်။ 


ကမ္ဘာပေါ်ရှိ ကလေးငယ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမြင့်မားနေသဖြင့်  Pfizer  ကိုဗစ်-၁၉   ရောဂါကာကွယ်ဆေးအား အသက် ၅ နှစ်မှ ၁၁ နှစ် အရွယ်   ကလေးငယ်များအား  ထိုးနှံပေးနိုင်ရန် ဥရောပသမဂ္ဂ၏ ခွင့်ပြုချက်ရရှိရေး    လိုအပ်လျက် ရှိကြောင်း   ဂျာမနီနိုင်ငံကလေးအထူးကုဆရာဝန် ကြီးများအဖွဲ့ အကြီးအကဲ   ဂျိုးဒိုးဆက်က ပြော ကြားသည်။  Pfizer ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကို  အသက် ၅ နှစ်မှ ၁၁ နှစ် အရွယ်ကလေးငယ်များ အား ထိုးနှံပေးရန် သင့်လျော်ကြောင်း အမေရိကန် အစားအသောက်နှင့်    ဆေးဝါးကွပ်ကဲရေးဌာနက ယမန်နေ့တွင်  အကြုံပြုခဲ့သော်လည်း  အတည်ပြုဆုံးဖြတ်ချက်ချမှတ်ရန်အတွက်     ဆွေးနွေးမှုများ    ထပ်မံဆောင်ရွက်မည်ဟု သိရသည်။ 


ကိုးကား-ဆင်ဟွာ
ဘာသာပြန်-စိုးသူရ