ဂျာမနီရွေးကောက်ပွဲတွင် ဆိုရှယ်ဒီမိုကရက်တစ်ပါတီ အနိုင်ရ 


 

ဘာလင် စက်တင်ဘာ ၂၇


ဂျာမနီနိုင်ငံ   ပါလီမန်ရွေးကောက်ပွဲတွင်  ဆိုရှယ်ဒီမိုကရက်တစ်ပါတီက  မဲအရေအတွက်အများအပြား ကို ကာကွယ်နိုင်ခဲ့သည်ဟု သိရသည်။ သို့သော်လည်း  အင်ဂျလာမာကယ်၏နေရာတွင် ဆက်ခံမည့် ခေါင်းဆောင်သစ်ကိုမူ  ညွန့်ပေါင်းပါတီများမှ ဆုံးဖြတ်သွားမည်ဖြစ်သည်။ 
ဗဟိုလက်ဝဲယိမ်း ဆိုရှယ်ဒီမိုကရက်တစ်ပါတီ သည် မဲအရေအတွက် ၂၅ ဒသမ ၇ ရာခိုင်နှုန်းရရှိခဲ့ သည်ဟု      ဂျာမနီရွေးကောက်ပွဲကော်မရှင်က   ပြောသည်။ ခရစ်ရှန် ဒီမိုကရက်တစ်ယူနီယံနှင့် ခရစ်ရှန် ဆိုရှယ် ယူနီယံပါတီတို့မှာ မဲအရေအတွက်    ၂၄ ဒသမ ၁ ရာခိုင်နှုန်း ရရှိသည်။ 
ဆိုရှယ်ဒီမိုကရက်တစ်ပါတီ (အက်စ်ပီဒီ )ပါတီမှ  ဥက္ကဋ္ဌဖြစ်သူ   အိုလက်ရှိုဇ်နှင့်   ၎င်း၏ပြိုင်ဘက် အာမင်လက်ရှက်ဖ်တို့က    ၎င်းတို့၏ဦးဆောင်မှု အောက်တွင်  ပါတီငယ်များနှင့် ဆွေးနွေးညှိနှိုင်းမှုပြု ပြီး ညွန့်ပေါင်းဖွဲ့ရန် အဆင်သင့်ဖြစ်နေပြီဟု  ပြော သည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေး အစိမ်းရောင်နှင့် ဗဟိုလက်ယာယိမ်း ဒီမိုကရက် တစ်ပါတီသည်  ညွန့်ပေါင်းအစိုးရသစ်ဖွဲ့ရန် အဓိက နေရာမှ ပါဝင်လျက်ရှိသည်။ 
ဂျာမနီနိုင်ငံ၏ ရွေးကောက်ပွဲကို နိုင်ငံအတွင်းနှင့်နိုင်ငံပြင်ပမှ  စိတ်ဝင်စားခဲ့ကြသည်။ အင်ဂျလာ မာကယ်၏နေရာတွင် မည်သူရရှိမည်ကို ဆုံးဖြတ် မည့်ပွဲဖြစ်သဖြင့် စိတ်ဝင်စားကြခြင်းဖြစ်သည်။ 
ဂျာမနီဝန်ကြီးချုပ်   အင်ဂျလာမာကယ်သည် ၁၆  နှစ်ကြာ   နိုင်ငံကိုဦးဆောင်ခဲ့ပြီး   ပြည်တွင်းနှင့် ပြည်ပရေးရာကိစ္စရပ်များတွင်  ၎င်း၏ ခေါင်းဆောင် နိုင်မှုစွမ်းရည်ကို ပြသနိုင်ခဲ့သည်။ '
အင်န်အိတ်ချ်ကေ