
အမ္မန် နိုဝင်ဘာ ၁၄
ဂျော်ဒန်နိုင်ငံသည် အသက် ၁၈နှစ်နှင့်အထက်များကို ကိုဗစ် -၁၉ကာကွယ်ဆေး တတိယအကြိမ် ထိုးပေးရန် အတွက် စတင်တော့မည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၃ ရက်တွင် ကြေညာခဲ့သည်။ နိုဝင်ဘာ ၁၄ ရက်တွင် ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီးသည်မှာ ခြောက်လပြည့်ပြီဖြစ်သောသူများ ကာကွယ်ဆေးထိုးနှံနိုင် သည်။
ကျန်းမာရေးဝန်ကြီးဌာန ကူးစက်ရောဂါဆိုင်ရာ အထွေထွေအတွင်းရေးမှူး အဒဲလ် ဘယ်ဘီစီက ယခုလိုကြေညာခဲ့ခြင်းဖြစ်သည်။ စက်တင်ဘာလနှောင်းပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက နာတာရှည် ရောဂါသည်များ၊ ကျန်းမာရေးဝန်ထမ်းများအပါအဝင် အသက် ၆၀ နှင့်အထက်များကို တတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။
အမျိုးသားကပ်ရောဂါတိုက်ဖျက်ရေးကော်မတီက ဒုတိယအကြိမ်ကာကွယ်ဆေးထိုးပြီး ခြောက်လ ပြည့်ပြီးသည့် အသက် ၁၈ နှစ်နှင့်အထက်များကို တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန် ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ထောက်ခံပေးခဲ့သည်ဟု သိရသည်။
ဆင်ဟွာ