
ဂါဇာ ဇူလိုင် ၂၇
လာမည့်သီတင်းပတ်အတွင်း ရောမမြို့သို့ ကိုယ်စား လှယ်အဖွဲ့ စေလွှတ်သွားရန်ရှိသည်ဟု အစ္စရေးတို့က ပြောသည်။ ရောမမြို့တွင် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲပြုလုပ်သွား မည်ဟု မျှော်လင့်ရသည်။
အမေရိကန်ဗဟိုထောက်လှမ်းရေး အေဂျင်စီမှ အကြီးအကဲသည်လည်း ဆွေးနွေးပွဲပြုလုပ်ရန် အီတလီ နိုင်ငံမြို့တော်သို့ ထွက်ခွာလာသည်။ အပစ်အခတ် ရပ်စဲရေးနှင့် ဓားစာခံများ ပြန်လွှတ်ပေးရေးတို့ အတွက် ဟားမားစ်တို့နှင့်ဆွေးနွေးညှိနှိုင်းရန် အစ္စရေး ကိုယ်စားလှယ်အဖွဲ့ကို လာမည့်သီတင်းပတ်အတွင်း စေလွှတ်သွားမည်ဟု ဇူလိုင် ၂၆ ရက်တွင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ပြော သည်။
စီအိုင်အေ ညွှန်ကြားရေးမှူး ဘေးဘန်းစ်သည် အစ္စရေးအစိုးရအရာရှိကြီးများ၊ ကြားဝင်စေ့စပ်ပေးနေ သည့် နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် မျှော်လင့်ထားသည်။ ရပ်တန့်နေသည့် စေ့စပ်ညှိနှိုင်းမှု များတွင် တိုးတက်လာသည့် လက္ခဏာများ ဖြစ်ပေါ် လာရန် လေ့လာသူများက မျှော်လင့်လျက်ရှိသည်။
ထိုစဉ် အစ္စရေးတပ်မတော်သည် ဇူလိုင် ၂၇ ရက် က ဂါဇာတွင် နောက်ထပ်တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ တောင်ပိုင်းမြို့ဖြစ်သည့်ရာဖာ၌ နေထိုင်သူငါးဦးအသက်ဆုံးရှုံးခဲ့ကြောင်း ပြည်တွင်းမီဒီယာများ တွင် ဖော်ပြသည်။
ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့ရှိ ဒေသခံများ ယာယီဘေးလွတ်ရာသို့ ရွှေ့ပြောင်းကြရန် အစ္စရေး တပ်မတော်က ပြောကြားထားသည်။
အင်န်အိတ်ချ်ကေ