
ဝါရှင်တန် သြဂုတ် ၂၂
ဂါဇာကမ်းမြောင်ဒေသတွင် အပစ် အခတ်ရပ်စဲရေးနှင့် ဓားစာခံများ လွှတ်ပေးရေး လျင်လျင်မြန်မြန် လုပ်ဆောင်ရန် လိုအပ်ကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုကို ဖိအားပေးခဲ့ သည်။
အိမ်ဖြူတော်က မစ္စတာ နေတန်ယာဟုနှင့် ဘိုင်ဒင်တို့၏ အပြန်အလှန် ဖုန်းပြောဆိုမှု အကျဉ်းချုပ်ကို ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်သည်။
ထုတ်ပြန်ချက်ထဲတွင် အပစ် အခတ်ရပ်စဲရန်နှင့် ဓားစာခံများ လွှတ်ပေးရန် သဘောတူညီချက် ကို ပြီးမြောက်အောင်လုပ်ဆောင် ရန် အရေးကြီးကြောင်း ဘိုင်ဒင်က အလေးအနက်ပြောကြားခဲ့သည်။
အစ္စရေးနှင့် ဟားမားစ်တို့ ကြား သဘောထားကွဲလွဲချက်များ ကို စေ့စပ်ညှိနှိုင်းရန် စေ့စပ်ညှိနှိုင်း သူများက ကြိုးစားလျက်ရှိသည်။ နောက်ဆုံး အဆိုပြုချက်တွင် ထည့်သွင်းထားသည့် အစ္စရေး ကို မျက်နှာသာပေးသည်ဆိုသည့် အချက်ကို ဆန့်ကျင်ကြောင်း ဟားမားစ်တို့က ထုတ်ဖော် ပြောကြားခဲ့သည်။
နောက်တစ်ကြိမ်ညှိနှိုင်းဆွေးနွေးမှုကို စေ့စပ်ညှိနှိုင်းသည့်နိုင်ငံများအနက် နိုင်ငံတစ်နိုင်ငံ ဖြစ်သောအီဂျစ်တွင် ကြာသပတေး နေ့ နှင့် သောကြာနေ့များတွင် ကျင်းပ ပြုလုပ်သွားမည်ဖြစ် ကြောင်း မီဒီယာများတွင် ဖော်ပြ ထားသည်။
အိမ်ဖြူတော်၏ ထုတ်ပြန် ချက်တွင် အမေရိကန်သမ္မတ ဘိုင်ဒင်နှင့် နေတန်ယာဟုတို့သည် ကျန်ရှိနေသည့် အတားအဆီး များကိုဖယ်ရှားရန် ကိုင်ရိုတွင် ကျင်းပမည့် ဆွေးနွေးပွဲနှင့် ပတ် သက်ပြီး ဆွေးနွေးခဲ့ကြသည်ဟု ဖော်ပြထားသည်။
တစ်ချိန်တည်းတွင် အမေ ရိကန် လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် အေဘရာဟမ် လင်ကွန်းသည် အရှေ့အလယ်ပိုင်း သို့ ရောက်ရှိခဲ့သည်ဟု အမေရိကန် အလယ်ပိုင်း စစ်ဌာနချုပ်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။
လွန်ခဲ့သည့်လက တီဟီရန် တွင် ဟားမားစ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယာ့ အသတ်ခံရ ခြင်းအတွက် အစ္စရေးကို လက်တုံ့ ပြန်ရန် အီရန်က ပြောကြားနေ သည့်အချိန်တွင် ယခုကဲ့သို့ လေယာဉ်တင်သင်္ဘော ရောက်ရှိ လာခဲ့ခြင်းဖြစ်သည်။
လေယာဉ်တင်သင်္ဘော တိုက် ခိုက်ရေးအဖွဲ့၏ တပ်ဖြန့်ခြင်းသည် အစ္စရေး၏ကာကွယ်ရေးအတွက် အမေရိကန်၏ ထောက်ပံ့မှုကို ပိုမို အားကောင်းစေရန်သာမက အီရန်ကို ထိန်းသိမ်းရန်အတွက် လည်း သိသိသာသာ ရည်ရွယ်ချင် ပုံရသည်။
အင်န်အိတ်ချ်ကေ