ဂါဇာမှ စစ်သွေးကြွများက  အစ္စရေးဘက်သို့ ဒုံးကျည်ဖြင့် ပစ်ခတ် 


 

 

ဂျေရုဆလင်   စက်တင်ဘာ  ၁၁


ဂါဇာကမ်းမြောင်ဒေသမှ စစ်သွေးကြွများသည် စက်တင်ဘာ ၁၀ ရက်က  အစ္စရေးနယ်မြေအတွင်းသို့  ဒုံးကျည်တစ်စင်းပစ်ခတ်ခဲ့ပြီး အစ္စရေးလေကြောင်း ကာကွယ်ရေးစနစ်အရ အဆိုပါဒုံးကျည်ကို ကြားဖြတ် ပစ်ချနိုင်ခဲ့သည်ဟု အစ္စရေးတပ်ဖွဲ့က ပြောသည်။ 
မည်သူမျှ ဒဏ်ရာမရခဲ့
အဆိုပါဒုံးကျည်ကြောင့် မည်သူမျှ ဒဏ်ရာမရခဲ့ကြောင်း သိရ သည်။ စက်တင်ဘာ ၆ ရက်တွင် အကျဉ်းထောင်အတွင်းမှ ထွက်ပြေး သွားခဲ့သည့် ပါလက်စတိုင်းနှစ်ဦးကို အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်များ က ဖမ်းမိပြီးနောက် နာရီပိုင်းအကြာတွင် ဒုံးကျည်ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်သည်။ 
အကျဉ်းထောင်မှ ထွက်ပြေး
စက်တင်ဘာ ၆ ရက်တွင် အကျဉ်းထောင်မှ ထွက်ပြေးသွားသူ ပါလက်စတိုင်း ခြောက်ဦးရှိပြီး ရှားပါးသည့်ဖြစ်စဉ်လည်းဖြစ်သည်။ 
ထို့ကြောင့်    အနောက်ဘက်ကမ်းနှင့်  အစ္စရေးနိုင်ငံအတွင်း  ရှာဖွေမှုများအကြီးအကျယ်  ပြုလုပ်နေကြသည်။ 
ဆင်ဟွာ