
နေပြည်တော် ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့ နယ် လုံခြုံကျေးရွာနှင့် မကျည်းခင် ကျေးရွာတို့ကို ဩဂုတ် ၁၄ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ ဖျက်ဆီးခဲ့ရာ လုံခြုံကျေးရွာမှ နေအိမ် သုံးလုံး မီးလောင်ပျက်စီး ခဲ့ပြီး ကားနှစ်စီးဖြင့် ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန်စွပ်စွဲရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်အမှန်မှာ အကြမ်းဖက် လုပ်ရပ်များကို အားပေးထောက်ခံ ခြင်းမရှိသည့် ဒေသခံပြည်သူတစ်ဦး က လုံခြုံကျေးရွာအနီးတွင် PDF အမည်ခံအကြမ်းဖက်သမားများ ရောက်ရှိစုဖွဲ့နေကြောင်း သတင်း ပေးပို့ချက်အရ လိုအပ်သည့် လုံခြုံ ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ PDF အမည်ခံ အကြမ်းဖက်သမား များ ထိခိုက်ဒဏ်များ ရရှိခဲ့ပြီး ထွက်ပြေးသွားစဉ် ကျေးရွာအတွင်း ရှိ လူနေအိမ်များအား မီးရှို့ ဖျက်ဆီးခဲ့ကြောင်းနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ၎င်းကျေးရွာကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူခြင်းမှာ လုပ်ကြံ သတင်းအမှားသာဖြစ် ကြောင်း လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်ပြည်ဖျက်မီဒီယာ များက ပြည်သူများစိုးရိမ်ထိတ်လန့် စေရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် အထင်အမြင်လွဲမှားစေမည့် သတင်းတု၊ သတင်းအမှားများကို သာ တစ်ဖက်သတ် စွပ်စွဲရေးသား လျက်ရှိရာ ယခုဖြစ်စဉ်တွင်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် တာဝန်သိပြည်သူများ၏ ပူးပေါင်း ဆောင်ရွက်မှုကြောင့်သာ PDF အမည်ခံအကြမ်းဖက်သမားများ ၏ အကြမ်းဖက်လုပ်ရပ်ကို အချိန်မီ တားဆီးဆောင်ရွက်နိုင်ခဲ့သည်ကို တရားမဝင် ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန် လုပ်ကြံ ရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ရရှိသည်။ သတင်းစဉ်