
နေပြည်တော် ဒီဇင်ဘာ ၁၇
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ် နှမ်းခါးကျေးရွာ၌ ဒေသခံပြည်သူများ၏ ထောက်ခံအားပေးမှုမရှိဘဲ ရောက်ရှိနေသည့် CNF နှင့် PDF ၊ YDF အမည်ခံ အကြမ်းဖက်သမားများကို ယနေ့ညနေပိုင်းတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်။
ဖြစ်စဉ်မှာ ယနေ့နံနက်ပိုင်း တွင် CNF နှင့် PDF ၊ YDF အမည်ခံ အကြမ်းဖက်သမား ခေါင်းဆောင် အချို့ပါဝင်သည့် အင်အား ၁၀၀ ခန့်သည် ဂန့်ဂေါမြို့နယ် နှမ်းခါး ကျေးရွာအတွင်း အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ရန် အတွက် အစည်းအဝေးပြုလုပ်ရန် စီစဉ်ခဲ့ရာ ရပ်မိရပ်ဖများနှင့် ကျေးရွာသူ ကျေးရွာသားများက ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ် များအပေါ် စိုးရိမ်မှုများဖြစ်ပေါ် လျက်ရှိပြီး ရွာအတွင်းမပြုလုပ်ရန် နည်းမျိုးစုံဖြင့် တားဆီးတောင်းဆို မှုများ ပြုလုပ်ခဲ့သည်။ သို့သော် အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာ၏ တောင်းဆိုမှုအပေါ် လျစ်လျူရှု၍ မွန်းလွဲ ၁နာရီခန့်တွင် အစည်းအဝေးကို ဇွတ်အတင်း ပြုလုပ်ခဲ့ရာ ကျေနပ်မှုမရှိသော ကျေးရွာသားအချို့က ကျေးရွာနှင့် အနီးဆုံးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ ထံသို့ လျှို့ဝှက်အကြောင်းကြား သတင်းပေးပို့လာခဲ့သဖြင့် ၎င်းတို့ အစည်းအဝေးပြုလုပ်သည့် နေရာ အား မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့် တွင် စီးနင်းဝင်ရောက်ခဲ့ရာ အပြန် အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ညနေ ၃ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက်သမား များအနေဖြင့် ကျေးရွာ၏ အရှေ့ ဘက် မြစ်သာမြစ်ကို ဖြတ်ကူး၍ ဖရိုဖရဲဆုတ်ခွာ ထွက်ပြေးသွား ခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အပြစ်မဲ့ပြည်သူနှင့် ၎င်းတို့၏ နေအိမ်အဆောက်အအုံများ ထိခိုက် မှုမရှိစေရေး သတိပြုရှောင်ရှားဆောင်ရွက်ခဲ့မှုကြောင့် ဖြစ်စဉ် တွင် ကျေးရွာသူ ကျေးရွာသား များ ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ အကြမ်းဖက်သမားများထံမှ အား ကစားဝတ်စုံ ဝတ်ဆင်ထားသည့် အကြမ်းဖက်သမား အလောင်း ခြောက်လောင်း၊ ပစ္စတို နှစ်လက်၊ ခေါက်ချိုး တစ်လုံးထိုးသေနတ် ငါးလက်၊ တူမီးသေနတ် သုံးလက်၊ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်။
အကြမ်းဖက်သမားများအနေ ဖြင့် ကျေးရွာအချို့အတွင်း ဝင်ရောက်၍ အကြမ်းဖက်လုပ်ရပ် များ လုပ်ဆောင်လျက်ရှိရာ ဒေသခံပြည်သူများ အေးချမ်း တည်ငြိမ်စွာ နေထိုင်နိုင်ရေး အတွက် လုံခြုံရေးတပ်ဖွဲ့များက နယ်မြေ လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အကြမ်းဖက်အဖွဲ့ များ၏ ဝင်ထွက်သွားလာမှု သတင်းများရရှိပါက သက်ဆိုင်ရာ သို့ လျှို့ဝှက်စွာ သတင်းပေး၍ နယ်မြေတည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းပါဝင်ကြရန် သက်ဆိုင်ရာက သတင်းထုတ်ပြန် ထားသည်။
သတင်းစဉ်