ဂန့်ဂေါမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မဟုတ်မမှန်ရေးသားဖြန့်ဝေ

 

နေပြည်တော်  ဇူလိုင်  ၁၆
မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်တွင် ဇူလိုင် ၁၃ ရက်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ၏ လက်နက်ကြီးဖြင့်    ပစ်ခတ်မှုကြောင့်     လာပို့ကျေးရွာမှ ပြည်သူနှစ်ဦး  သေဆုံးခဲ့ ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း  တစ်ဖက်သတ် စွပ်စွဲရေးသားထားသည့် သတင်းတု၊ သတင်း အမှားများကို   တရား မဝင်ပြည်ဖျက်မီဒီယာများက   မဟုတ် မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။
ဖြစ်စဉ်အမှန်မှာ   ဇူလိုင်  ၁၃ ရက် နံနက် ၁၀ နာရီခန့်က လာပို့ကျေးရွာ အနီး တစ်ဝိုက်တွင် အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ရန်အတွက် PDF အမည်ခံ အကြမ်းဖက်သမားများ ရောက်ရှိစုဖွဲ့နေ ကြောင်း     တာဝန်သိပြည်သူတစ်ဦး၏   သတင်းပေးပို့မှုအရ    နယ်မြေခံတပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ချေမှုန်းခဲ့ရာ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခဲ့ ရကြောင်း၊    ထိုသို့ အကြမ်းဖက်သမားများ ထိခိုက်သေဆုံးခဲ့ရသည့်အတွက်  ညနေ  ၆ နာရီခွဲခန့်တွင်   အဆိုပါ     နယ်မြေခံ တပ်ရင်းအား   အကြမ်းဖက်သမားများမှ  လက်လုပ်စိန်ပြောင်းများ၊   ဒရုန်းများဖြင့်   လာရောက်တိုက်ခိုက်ခဲ့ရာ     လုံခြုံရေး တပ်ဖွဲ့ဝင်များ၏   ပြန်လည်တိုက်ခိုက်မှု ကြောင့်    အကြမ်းဖက်သမား   ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း       လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏    ပြောကြားချက်အရ သိရှိရသည်။
တရားမဝင်    ပြည်ဖျက်မီဒီယာများ သည်           လုံခြုံရေးတပ်ဖွဲ့ဝင်များ၏  တိုက်ခိုက်မှုကြောင့်  အကြမ်းဖက်သမား များ သေဆုံးခဲ့ရမှုအား ပြည်သူများထိခိုက် သေဆုံးခဲ့သည်ဟု   သတင်းတု၊    သတင်း အမှားများကို အထင်အမြင်လွဲမှားစေရန်  ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသားပြီး လူမှု ကွန်ရက်        စာမျက်နှာများမှတစ်ဆင့် လှုံ့ဆော် ရေးသားဝါဒဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။


သတင်းစဉ်