ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း၏ ဖွင့်ပွဲနှင့် ပန္နက်တင်မင်္ဂလာအခမ်းအနား ကျင်းပ

 
 
ရန်ကုန် ဇန်နဝါရီ ၁၀
 
ဂျပန်-မြန်မာ အောင်ဆန်းသက်မွေး ပညာသင်တန်းကျောင်း(JMASVTI)၏ ဖွင့်ပွဲအခမ်းအနားနှင့် ပန္နက်တင် မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် ရန်ကုန်မြို့ အင်းစိန် မြို့နယ် စဉ့်ငူရပ်ကွက်ရှိ ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်း ကျောင်း (JMASVTI) ဆောက်လုပ်မည့် မြေကွက်လပ်ရှိ ယာယီမဏ္ဍပ်၌ ကျင်းပသည်။
 
တက်ရောက်
 
အဆိုပါ အခမ်းအနားသို့ အမျိုးသား လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာ အောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ ဒုတိယဝန်ကြီး ဦးဝင်း မော်ထွန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော် တို့မှ ကိုယ်စားလှယ်များ၊ ရန်ကုန်တိုင်း ဒေသကြီးမှ လွှတ်တော်ကိုယ်စား လှယ်များ၊ ဂျပန်နိုင်ငံလွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော Mr. Kozo Yamamoto နှင့် Mr. Satoshi Fujimaru၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် နိုင်ငံသံအမတ်ကြီး မစ္စတာအိချိရော မာရုယာမ၊ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ Chief Representative Mr. Masayuki Karasawa၊ မြန်မာ-ဂျပန်လွှတ်တော်အချင်းချင်း ချစ်ကြည် ရင်းနှီးရေးအသင်းဥက္ကဋ္ဌ ဦးကျော်ထွေး၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေး မှူးချုပ်များ၊ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၊ မြန်မာ့မော်တော်ယာဉ် ဖွံ့ဖြိုး မှု အများနှင့်သက်ဆိုင်သော ကုမ္ပဏီ လီမိတက်တို့မှ ကိုယ်စားလှယ်များ၊ သက်မွေးပညာသင် ကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမ များနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
 
သင်ကြားပို့ချပေး
 
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ဂျပန်-မြန်မာ အောင်ဆန်း သက်မွေးပညာသင်တန်း ကျောင်း၏ စီမံကိန်းသည် ဂျပန်နိုင်ငံ အစိုးရ၏ အကူအညီအထောက်အပံ့ ဖြင့် ယခင်စက်မှုလက်မှု အထက်တန်း ကျောင်း(အောင်ဆန်း)တွင် ဆောက် လုပ်ပြီး လိုအပ်သည့် သင်ထောက်ကူ ပစ္စည်းများ ဖြည့်ဆည်းဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း၊ ဤကျောင်း တွင် မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်း မှုနည်းပညာရပ်နှင့် စက်မှုလုပ်ငန်း ဆိုင်ရာ လျှပ်စစ်နည်းပညာရပ်နှစ်ခုကို ဂျပန်နိုင်ငံ၏အတွေ့အကြုံ၊ နည်းပညာ နှင့် မြန်မာနိုင်ငံအတွက် လိုအပ်လျက် ရှိသော လုပ်သားဈေးကွက်နှင့် ကိုက် ညီသည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန် ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာ လူငယ်၊ လူရွယ်များအနေဖြင့် အလုပ် အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာ နိုင်မည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှစတင်၍ မော်တော် ယာဉ်ပြုပြင်ထိန်းသိမ်းမှု နည်းပညာ ရပ်နှင့် စက်မှုလုပ်ငန်းဆိုင်ရာ လျှပ်စစ် နည်းပညာရပ်နှစ်ခုတို့ကို AGTI ဒီပလို မာအဆင့် (၃)နှစ်သင်တန်းဖွင့်လှစ် သင်ကြားပို့ချပေးနေပြီ ဖြစ်ပါကြောင်း။
 
ပညာရေးဝန်ကြီးဌာန အနေဖြင့် အမျိုးသားပညာရေး မဟာဗျူဟာ စီမံကိန်း (၂၀၁၆-၂၀၂၁)ကို ချမှတ် အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိရာ နည်းပညာနှင့် သက်မွေး ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုကို အလေးထား ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ နည်းပညာနှင့် သက်မွေး ပညာရေးကို စိတ်ပါဝင်စား သင်ယူ လိုသူများ လေ့လာသင်ယူခွင့်ရရှိရေး၊ အရည်အသွေး အာမခံမှုရှိရေးနှင့် ပိုမိုကောင်းမွန်သော နည်းပညာနှင့် သက်မွေးပညာရေး ဖြစ်ပေါ်လာစေရန် မဟာဗျူဟာများချမှတ်၍ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ လုပ်ငန်းခွင်လိုအပ်ချက်နှင့် ကိုက်ညီစေသည့် နည်းပညာနှင့် သက်မွေးပညာရေး အစီအစဉ်များ အနက် ယနေ့ဖွင့်လှစ်သည့် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာ သင်တန်းကျောင်း စီမံကိန်းသည် မဟာဗျူဟာမြောက် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသော ပညာ ရေးဆိုင်ရာ စီမံကိန်းများအနက် လွန်စွာတန်ဖိုးရှိသော စီမံကိန်းတစ်ခု ဖြစ်ပါကြောင်း၊ အစဉ်ပြောင်းလဲတိုး တက်နေသော ဈေးကွက်လိုအပ်ချက် ကို စောင့်ကြည့်လေ့လာ သုံးသပ်ပြီး အရည်အချင်းရှိသော ကျွမ်းကျင် အတတ်ပညာရှင်များ လေ့ကျင့်သင် ကြား ပြုစုမွေးထုတ်ပေးနိုင်စေရေး အတွက် အထူးအလေးအနက်ထား၍ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
 
ယင်းနောက် ဂျပန်လွှတ်တော် ကိုယ်စားလှယ် Mr. Kozo Yamamoto က အမှာစကားပြောကြား၍ ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး အေဂျင်စီ၏ Chief Representative Mr. Masayuki Karasawa က JMASVTI တည်ထောင် ဖွင့်လှစ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း ပြောကြားသည်။
 
ပန္နက်တင်မင်္ဂလာဆောင်ရွက်
 
ထို့နောက် အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဂျပန်နိုင်ငံလွှတ်တော် ကိုယ်စားလှယ် များဖြစ်သော Mr. Kozo Yamamoto နှင့် Mr. Satoshi Fujimaru၊ မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိရောမာရုယာမတို့က သတ်မှတ်နေ ရာ အသီးသီးတွင်နေရာယူ၍ ပန္နက် တင်မင်္ဂလာအစီအစဉ်အား ဆောင်ရွက် ကြသည်။
 
ယင်းနောက် ဂျပန်-မြန်မာ အောင်ဆန်းသက်မွေးပညာသင်တန်းကျောင်း(JMASVTI) ဖွင့်ပွဲအခမ်း အနားအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ မြန်မာ-ဂျပန် လွှတ်တော်အချင်းချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဥက္ကဋ္ဌ ဦးကျော်ထွေး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုးနှင့် ဂျပန်နိုင်ငံ လွှတ်တော်ကိုယ်စားလှယ် Mr. Kozo Yamamoto နှင့် Mr. Satoshi Fujimaru၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန် နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိရော မာရုယာမနှင့် ဂျပန်အပြည်ပြည်ဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ မှ Chief Representative Mr.Masayuki Karasawa တို့က ဂျပန်-မြန်မာ အောင် ဆန်းသက်မွေးပညာသင်တန်းကျောင်း ၏ဖွင့်ပွဲနှင့် ပန္နက်တင်မင်္ဂလာအခမ်း အနားအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေး ခဲ့ကြောင်း သိရသည်။
 
သတင်းစဉ်