ဂျပန်နိုင်ငံ ဖူကူအိုကာမြို့တွင်ကျင်းပမည့် နွေရာသီအပြည်ပြည်ဆိုင်ရာ လူငယ်များတွေ့ဆုံပွဲ (၂၀၂၄) သို့ မြန်မာကျောင်းသားလူငယ်အဖွဲ့ တက်ရောက်မည်

နေပြည်တော်   ဇွန်   ၂၂
ဂျပန်နိုင်ငံ  ဖူကူအိုကာမြို့ အခြေ စိုက် အာရှပစိဖိတ်ဒေသ ကလေး များဆိုင်ရာ ကွန်ဗင်းရှင်း (Asian-Pacific Children's Convention - APCC) မှ ဦးစီး၍  နှစ်စဉ်ဇူလိုင် လတွင်    ကျင်းပသည့်    နွေရာသီ အပြည်ပြည်ဆိုင်ရာ      လူငယ်များ တွေ့ဆုံစခန်းချပွဲ         (BRIDGE Summer    Camp - 2024)    သို့ Junior   Ambassador   အဖြစ် မြန်မာနိုင်ငံမှ  ပါဝင်တက်ရောက် ရန်အတွက် မြန်မာ-ဂျပန်အသင်း (MJA) မှ ဦးစီးစီမံပြီး အခြေခံပညာ ကျောင်းသား ကျောင်းသူ လူငယ် များဖြစ်သည့် မောင်လင်းထက်ပိုင် (၁၂ နှစ်) ဆဋ္ဌမတန်း အထက (၁)၊ ဒဂုံ၊ ရန်ကုန်၊ မောင်ဘုန်းဇေဟိန်း (၁၂ နှစ်)  ပဉ္စမတန်း     ကမာရွတ် လေ့ကျင့်ရေးကျောင်းTTC၊ ရန်ကုန်၊ မသွန်းသက်ထားအောင် (၁၁ နှစ်) ပဉ္စမတန်း   အထက    (၁)၊      ဒဂုံ၊ ရန်ကုန်၊  မရှင်းသန့်ဖြူ   (၁၁ နှစ်)ပဉ္စမတန်း  အထက (၂)၊  မင်္ဂလာဒုံ၊ ရန်ကုန်(အောင်ဆန်းသူရိယလှသောင်းကျောင်း) တို့ လေးဦးအား ရွေးချယ်ဖွဲ့စည်း     လေ့ကျင့်ပေး လျက်ရှိသည်။
ရွေးချယ်ဖွဲ့စည်း လေ့ကျင့်ပေး လျက်ရှိသော ဖော်ပြပါ  ကျောင်း သား  ကျောင်းသူများ၏ နေပြည် တော် လေ့လာရေးနှင့် လေ့ကျင့်ရေး       ခရီးစဉ်အတွင်း    ကျောင်းသား ကျောင်းသူလေးဦးအား    Junior Ambassador   အဖြစ်   ရွေးချယ် အသိအမှတ်ပြု လက်မှတ်ပေးအပ် ပွဲကို ဇွန်  ၂၂ ရက် မွန်းလွဲပိုင်းတွင်   နေပြည်တော်    သင်္ဂဟဟိုတယ်၌ ကျင်းပရာ  မြန်မာ-ဂျပန်အသင်းမှ  ဥက္ကဋ္ဌနှင့်   တာဝန်ရှိသူများ၊    ဖိတ် ကြားထားသူများ၊  မိဘအုပ်ထိန်း သူများနှင့် ကျောင်းသား ကျောင်း သူများ တက်ရောက်ခဲ့ပြီး မြန်မာ-ဂျပန်အသင်းဥက္ကဋ္ဌက အသိအမှတ် ပြု  လက်မှတ်များ ပေးအပ်ချီးမြှင့် ၍ ခရီးစဉ်အတွက်အထောက်အကူ ပြုပစ္စည်းများ ပေးအပ်ခဲ့သည်။
မြန်မာနိုင်ငံမှ Junior Amba-ssador လေးဦးအား မြန်မာ-ဂျပန် အသင်း၏ အတွင်းရေးမှူးဖြစ်သူ က    အုပ်ချုပ်သူအဖြစ်လိုက်ပါ၍ ဇူလိုင်လပထမပတ်တွင်      ဂျပန် နိုင်ငံ ဖူကူအိုကာမြို့သို့ သွားရောက် မည်ဖြစ်ပြီး ဆယ်ရက်ကြာ စခန်း ချ ကာလအတွင်း အခြား အာရှ-ပစိဖိတ်ဒေသ  ၄၈ နိုင်ငံမှ ကျောင်း သားလူငယ်များနှင့်အတူ   စခန်း ဝင်  တွေ့ဆုံခြင်း၊ အသက်ရွယ်တူ ဂျပန်ကျောင်းသား      ကျောင်းသူ များ၏    ကျောင်းများသို့    အတူ သွားရောက်လေ့လာခြင်းနှင့် ဂျပန် ကျောင်းသား    ကျောင်းသူများ၏ နေအိမ်တွင်  Home Stay နေထိုင် ခြင်းများ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။   သတင်းစဉ်