
တိုကျို ဇူလိုင် ၁
ဂျပန်နိုင်ငံ၏ယဉ်ကျေးမှုအမွေ အမြင့်ဆုံးတောင် တစ်ခုဖြစ်သော ဖူဂျီတောင်ကို နှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်တက်သမားများ အတွက် ဖွင့်လှစ်ပေးလိုက်သည်။
ယာမာနာရှီခရိုင်မှစတင်သည့် တောင်တက် လမ်းကြောင်းနှင့် ဇီဇူအိုကာခရိုင်မှ စတင်သည့် တောင်တက်လမ်းကြောင်းတို့ကို ဇူလိုင် ၁ ရက်က ဖွင့်လှစ်ပေးခဲ့သည်။
ကိုဗစ်-၁၉ ဆန့်ကျင်ရေးဆိုင်ရာတင်းကျပ်သည့် ဆောင်ရွက်ချက်များကို လုပ်ဆောင်ရင်း ယာမာနာရှီ ခရိုင်မှ အာဏာပိုင်များနှင့် အကူအညီပေးရေးအဖွဲ့ဝင် များပါဝင်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများသည် တောင်တက်သမားများကို ကြိုဆိုရာတွင် စက်တင် ဘာ ၁ဝ ရက်အထိ အတူတကွ ပူးပေါင်းလုပ်ဆောင် ကြမည်ဖြစ်သည်။
တောင်တက်သမားများသည် ဖူဂျီ - ဆူဘာရူလိုင်း စစ်ဆေးရေးဂိတ်လမ်းကြောင်းတွင် ၎င်းတို့၏ အခြေ အနေ၊ ကိုယ်ပူချိန် ရှိ၊ မရှိတို့ကို ရပ်တန့်စစ်ဆေးခံရ မည်ဖြစ်သည်။ အဆိုပါ စစ်ဆေးရေးဂိတ်တည်ရှိရာ လမ်းကြောင်းသည် ဖူဂျီတောင်၏ ငါးခုမြောက် တောင်ခြေစခန်းသို့ဦးတည်သည့် လမ်းကြောင်း ဖြစ်သည်။ ငါးခုမြောက်နှင့် ခြောက်ခုမြောက်တောင်ခြေစခန်းများတွင် ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုများကို လုပ်ဆောင်ရမည်ဖြစ်သည်။
အာဏာပိုင်များသည်ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွား နေသည့်အချိန်တွင် တောင်တက်သမားများကို စီမံ ခန့်ခွဲရာ၌ ပိုမိုခက်ခဲသည့်စိန်ခေါ်မှုများကို ရင်ဆိုင် နေရသည်။
အင်န်အိတ်ချ်ကေ