
တိုကျို ဩဂုတ် ၁၆
တာလီဘန်တိုက်ခိုက်ရေးသမားများသည် အာဖဂန် နစ္စတန်နိုင်ငံတွင် လျင်လျင်မြန်မြန်တုံ့ပြန်မှုများ ရှိလာခြင်းကြောင့် ဂျပန်နိုင်ငံအစိုးရက အာဖဂန် နစ္စတန်ရှိ ဂျပန်သံရုံးဝန်ထမ်းများအား ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးသွားမည်ဖြစ်ကြောင်း ယနေ့သတင်း များအရသိရသည်။
တာလီဘန်တပ်ဖွဲ့ဝင်များက မြို့တော်ကဘူးလ် ကို သိမ်းပိုက်ကာ သမ္မတနန်းတော်ကို ထိန်းချုပ်ခဲ့စဉ် အာဖဂန်သမ္မတ မိုဟာမက်ဂါနီသည်လည်း နိုင်ငံ အတွင်းမှ ထွက်ခွာသွားခဲ့သည်။ တာလီဘန်တပ်ဖွဲ့ဝင် များသည် အာဖဂန်နစ္စတန်ရှိ ခရိုင်အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း တာလီဘန်ပြောခွင့်ရ သူ မူဂျာဟစ်က ပြောကြားသည်။
လက်ရှိတွင် အာဖဂန်နစ္စတန်နိုင်ငံရှိ ဂျပန်သံရုံး ဝန်ထမ်း ၁၀ ဦးကျော်သည် သံရုံးမှ ထွက်ခွာသွားကြ ပြီဖြစ်ကြောင်းလည်း ဂျပန်အစိုးရက ပြောကြားသည်။ အာဖဂန် နစ္စတန်နိုင်ငံရှိ ဂျပန်ုနိုင်ငံသားများအား အာဖဂန်နစ္စတန်နိုင်ငံမှ အမြန်ဆုံးထွက်ခွာရန်လည်း ဂျပန်အစိုးရက တောင်းဆိုထားသည်။
ဂျပန်အစိုးရသည် ဂျပန်နိုင်ငံသားများအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးရန်အတွက် အာဖဂန် နစ္စတန်နိုင်ငံမှထွက်ခွာမည့် ဂျပန်သံရုံးဝန်ထမ်းများနှင့် အခြားသော ဂျပန်နိုင်ငံသားများအနေဖြင့် အမေရိကန် နိုင်ငံသားများအား ဘေးလွတ်ရာရွှေ့ပြောင်းမည့် အမေရိကန်အစိုးရ၏လေယာဉ်ဖြင့် ခေါ်ဆောင်ရန် စီစဉ် ထားကြောင်း သိရသည်။
ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-အလင်းသစ်