
တိုကျို မတ် ၉
ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကာကွယ်ရေးအတွက် ဂျပန်နိုင်ငံ အနေဖြင့် တောင်ကိုရီးယားနှင့် တရုတ်နိုင်ငံတို့မှ ခရီးသည် ဝင်ရောက်မှုနှင့်စပ်လျဉ်းပြီး ကန့်သတ်ချက်များချမှတ်ခဲ့ သည်။ ၎င်းနှစ်နိုင်ငံမှ ဝင်ရောက်လာသော လေယာဉ်များ အနေဖြင့် တိုကျိုနှင့် အိုဆာကာမြို့များရှိ လေဆိပ် များတွင်သာ ဆင်းသက်ခွင့်ရမည်ဖြစ်သည်။
၎င်းတို့အနေဖြင့် လေယာဉ်ပေါ်မှ ဆင်းသက်ပြီးသည် နှင့် တည်းခိုရာဟိုတယ်(သို့မဟုတ်)နေအိမ်တွင် ရောဂါ စောင့်ကြည့်မှုကို သီတင်းနှစ်ပတ်ကြာမျှ ဆောင်ရွက်ရမည် ဖြစ်သည်။ တောင်ကိုးရီးယားမှ ရောက်ရှိလာသော အမေရိကန်လူမျိုးတစ်ဦးက “ကျွန်တော့်အနေနဲ့ အများ ပြည်သူအသုံးပြုတဲ့ သယ်ယူပို့ဆောင်ရေးစနစ်ကို အသုံးမပြု ရဘူးဆိုရင် ကျွန်တော့်သူငယ်ချင်းကို လာကြိုဖို့ခေါ်မှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့နေအိမ်တွင် ရောဂါ စောင့်ကြည့်မှုကိုခံယူဖို့ သဘောတူထားတဲ့အတွက် ဒီအတိုင်း ဆောင်ရွက်သွားမှာပါ” ဟု ပြောကြားခဲ့သည်။ သို့သော် အဆိုပါအမေရိကန်လူမျိုးအား တောင်ကိုရီးယားကောင်စစ် ဝန်ရုံးက လေဆိပ်တွင် လာရောက်ကြိုဆိုခဲ့သည်။
ဂျပန် ကက်ဘိနက်အကြီးအကဲ ယိုရှီဒိုရှုဂါက မိမိတို့အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် ပြင်းထန်စွာဖြစ်ပွားနေသော အီတလီနိုင်ငံ ကို စောင့်ကြည့်နေကြောင်း ပြောကြားသည်။ ဂျပန်နိုင်ငံ တွင် ကိုရိုနာဗိုင်းရပ်စ်အတည်ပြုကူးစက်မှုပေါင်း ၅၀၀ ရှိသည်။ ယခု ရေတွက်မှုတွင် စိန်မင်းသမီးအပန်းဖြေ သင်္ဘောပေါ်မှ ခရီးသည် ၇၀၀ နှင့် တရုတ်နိုင်ငံမှ အထူး လေယာဉ်ဖြင့် ပြန်လည်ရောက်ရှိလာသော ခရီးသည်များ မပါဝင်ပေ။ ကိုရိုနာဗိုင်းရပ်စ် အပြင်းထန်ဆုံးဖြစ်ပွားသော ဒေသမှာ မြောက်ပိုင်း ဟော့ကိုင်းဒိုးခရိုင်ဖြစ်ပြီး ရောဂါ ကူးစက်မှုပေါင်း ၁၀၀ ကို အတည်ပြုခဲ့သည်။
ကိုးကား-အင်န်အိတ်ချ်ကေ၊ ဘာသာပြန်-စိုးသူရ