ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု နှင့်အဖွဲ့ မြန်မာနိုင်ငံသို့ရောက်ရှိ


 

နေပြည်တော် ဩဂုတ် ၂၄


ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ မိုတဲဂိ တိုရှိမိစု ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ နံနက် ၁၁ နာရီ မိနစ် ၂၀ က လေကြောင်းခရီးဖြင့် လာအို ပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံမှ နေပြည်တော်သို့ ရောက်ရှိသည်။
ကြိုဆိုနှုတ်ဆက်
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သောအဖွဲ့အား နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးစိုးဟန်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်နိုင်ငံသံအမတ်ကြီး မစ္စတာ အိချိယို မာရုယာမ နှင့် တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြ သည်။
သတင်းစဉ်