
တိုကျို အောက်တိုဘာ ၂၀
ဂျပန်နိုင်ငံ ကျူရှုဒေသရှိ အေဆို မီးတောင်ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။
ကူမာမိုတိုခရိုင်ရှိ တောင် ထွတ်မှနေ၍ မီးခိုးများသည် အောက်တိုဘာ ၂၀ ရက် ဒေသ စံတော်ချိန် နံနက် ၁၁ နာရီ ၄၃ မိနစ်တွင် မှုတ်ထုတ်ခဲ့သည်။
မိုးလေဝသ အေဂျင်စီက အဆိုပါတောင်အနီးတွင် နေထိုင် ကြသူများအား သတိပေးချက် ထုတ်ပြန်ထားသည်။
လျင်မြန်စွာ စီးဆင်းလာသည့် သိပ်သည်းသော ချော်ရည်အစိုင် အခဲများ၊ မီးတောင်ပြာများ၊ ဓာတ်ငွေ့ပူများသည် မီးတောင်ဝ မှ တစ်ကီလိုမီတာကျော်အထိ ရောက်ရှိလာခဲ့ကြောင်း အေဂျင်စီ က အတည်ပြုခဲ့သည်။
မီးတောင်ပေါက်ကွဲမှု သတိ ပေးမှုအဆင့်ကို အဆင့်ငါးဆင့် ရှိသည့်အနက် အဆင့်သုံးအထိ မြင့်တင် သတိပေးထားကြောင်း သိရသည်။
မီးတောင်ဝအနီးတွင် ရှိသော ပြည်သူများကို မီးတောင်ပေါက်ကွဲ ပါက ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို သတိထားရန် တိုက်တွန်းထားသည်။
အင်န်အိတ်ချ်ကေ