ဂျပန်နိုင်ငံ၌ ၁၅ လတာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ်  ကိုဗစ်-၁၉ ကြောင့် သေဆုံးသူမရှိ

 

 

တိုကျို  နိုဝင်ဘာ  ၈


ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၈ ရက်က   ကိုဗစ် - ၁၉ ကြောင့် သေဆုံးသူမရှိဟု သိရသည်။  ၂၀၂၀ ပြည့် နှစ် ဩဂုတ်လမှစတင်ကာ    ပထမဆုံးအကြိမ်အဖြစ်  ကိုဗစ် -၁၉ ကြောင့် သေဆုံးသူမရှိသည့် နေ့တစ်နေ့ ဖြစ်ခဲ့သည်။ ပြည်သူများ လူနေထိုင်မှုဘဝမှာလည်း ပုံမှန်အနေအထားဆီသို့      တဖြည်းဖြည်းချင်း ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။
လက်ရှိ  ကိုဗစ် - ၁၉ ကာကွယ်မှုအဆင့်များမှာ အဆင့်လေးဆင့်ပေါ်တွင်  အခြေခံ၍   ပြုလုပ်ထား သည်။    ခရိုင်အသီးသီးတွင်    ကူးစက်မှုအသစ် ဖြစ်ပွားမှုနှုန်းနှင့်   ဆေးရုံတက်ရမှုနှုန်းတို့အပေါ် တွင် မူတည်၍    အဆင့်တိုင်းကို   စဉ်းစားထား ခြင်းဖြစ်သည်။                          အင်န်အိတ်ချ်ကေ