ဂျပန်နိုင်ငံ၌  ၆၀ ရာခိုင်နှုန်းကျော် ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ် 


 

တိုကျို  အောက်တိုဘာ   ၄


ဂျပန်နိုင်ငံရှိ လူဦးရေ၏ ၆၀ ရာခိုင် နှုန်းကျော် ကိုဗစ်-၁၉ ကာကွယ် ဆေး ဒုတိယအကြိမ်ထိုးနှံမှု ခံယူ ခဲ့သည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးသည့် အချက်အလက်များကို အစိုးရက အောက်တိုဘာ ၄ ရက် တွင် ထုတ်ပြန်လိုက်သည်။ 
အဆိုပါစာရင်းတွင်    ဂျပန် နိုင်ငံလူဦးရေတစ်ခုလုံး၏   ၉၀ ဒသမ ၂ သန်းကျော်  သို့မဟုတ် ၇၁  ဒသမ  ၃   ရာခိုင်နှုန်းကျော် သည်    ပထမအကြိမ်            ကိုဗစ်-၁၉ ကာကွယ်ဆေး   ထိုးနှံမှုခံယူခဲ့ ကြောင်းနှင့်  ၇၇ ဒသမ ၁ သန်း ကျော် သို့မဟုတ်  ၆၀  ဒသမ ၉ ရာခိုင်နှုန်းမှာ ကိုဗစ်-၁၉ ကာကွယ် ဆေး   အပြည့်အဝထိုးနှံမှုခံယူခဲ့ ကြောင်း သိရသည်။ 
အဆိုပါ တွက်ချက်ဖော်ပြမှု တွင် အနည်းဆုံး အသက် ၁၂ နှစ် အောက်ကလေးများနှင့် ကာကွယ် ဆေးထိုးရန်  မသင့်တော်သော ကလေးများလည်း ပါဝင်သည်။ 
နိုင်ငံအတွင်း ကာကွယ်ဆေး ထိုးပြီးသူပေါင်း ၁၆၇ ဒသမ ၄ သန်းကျော်ရောက်ရှိလာပြီ   ဖြစ် သည်။ 
အသက်အရွယ်အုပ်စုအား ဖြင့်     အသက်ကြီးပိုင်းအရွယ် များဖြစ်သည့် အသက် ၆၅ နှစ်နှင့် အထက် ၈၉ ဒသမ ၄ ရာခိုင်နှုန်းမှာ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးပြီဖြစ်သည်။ အသက် ၄၀ ကျော်အရွယ် ၅၄ ဒသမ ၁ ရာခိုင်နှုန်း၊ အသက် ၂၀ ကျော် အရွယ် ၃၉ ဒသမ ၄ ရာခိုင်နှုန်း၊ အသက် ၁၂ နှစ်နှင့် ၁၉ နှစ်ကြား ၂၆ ဒသမ ၈ ရာခိုင်နှုန်း ကိုဗစ်-၁၉ ကာကွယ်ဆေးအပြည့်အဝထိုးနှံ ပြီးပြီဖြစ်သည်။ 
ကာကွယ်ဆေး ထိုးခံယူချင် သည့်    နိုင်ငံသားများအားလုံး အောက်တိုဘာလ    သို့မဟုတ် နိုဝင်ဘာလ         အစောပိုင်းတွင် ကာကွယ်ဆေးများ ပြီးဆုံးအောင် ထိုးနှံရန်   အစိုးရက  စီစဉ်ထား သည်။            
                   အင်န်အိတ်ချ်ကေ