ဂျပန်နိုင်ငံ၌ ကိုဗစ် - ၁၉ ကာကွယ်ဆေးတတိယအကြိမ် ထိုးပေးရန် နိုဝင်ဘာလအတွင်း ဆုံးဖြတ်သွားမည်

 

တိုကျို   အောက်တိုဘာ ၂၉


ဂျပန်ကျန်းမာရေးဝန်ကြီးဌာနသည်              ဖိုက်ဇာ  ကိုဗစ်-၁၉  ကာကွယ်ဆေးကို   တတိယအကြိမ်ထိုးပေး ရန်အတွက်  နိုဝင်ဘာ   ၁၀   ရက်တွင်   တရားဝင် ဆုံးဖြတ်ချက်ချမှတ်သွားရန်       စီစဉ်ထားကြောင်း သိရသည်။ 

 


ဖိုက်ဇာ  ကိုဗစ်-၁၉   ကာကွယ်ဆေး   နှစ်ကြိမ် ထိုးပြီးသူများ တတိယအကြိမ်ထိုးရန် ခွင့်ပြုချက်ပေး သွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ကျွမ်းကျင်သူ အဖွဲ့က အောက်တိုဘာ ၂၈   ရက်တွင်    သဘောတူခဲ့သည်။ 

 


ဒုတိယအကြိမ် ကာကွယ်ဆေးထိုးပြီးသည်မှာ ရှစ်လကြာမြင့်ပြီဖြစ်သောသူများကို  တတိယအကြိမ် ကာကွယ်ဆေးထိုးပေးရန် ဝန်ကြီးဌာနက  စီစဉ်ထား သည်။ 
ဒီဇင်ဘာလအတွင်း   ကျန်းမာရေးဝန်ထမ်းများကို တတိယအကြိမ်   ကာကွယ်ဆေးထိုးနှံပေးသွားရန် အစီအစဉ်ရှိသည်။ 
နှစ်ကြိမ်ကာကွယ်ဆေး     ထိုးပြီးသူများကို တူညီသည့်      ကာကွယ်ဆေးအမျိုးအစားဖြင့်ပင် တတိယအကြိမ် ထိုးပေးသွားမည်ဟု သိရသည်။


အင်န်အိတ်ချ်ကေ