
တိုကျို အောက်တိုဘာ ၁
ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ အရေးပေါ်အခြေအနေကြေညာထားမှုကို အောက်တိုဘာ ၁ ရက်တွင် ရုပ်သိမ်း ပေးခဲ့သည်။ ဧပြီလမှစတင်ကာ အရေးပေါ်အခြေအနေ ကြေညာထားခဲ့ခြင်းဖြစ်ရာ တိုကျိုမြို့ အပါအဝင် အခြားသောခရိုင် ၁၈ ခုတို့ကို အရေးပေါ်အခြေအနေအောက် ထားရှိခဲ့ပြီး အဆိုပါကြေညာမှုမှာ စက်တင်ဘာ ၃၀ ရက်တွင် ကုန်ဆုံးသွားပြီဖြစ်သည်။
ကိုဗစ် - ၁၉ ကူးစက်မှုများ တဖြည်းဖြည်းချင်း ကျဆင်းလာ ပြီးနောက် တိုင်းပြည်၏ ကျန်းမာရေးစနစ်ကိုလည်း သက် သာရာရစေခဲ့သည်။ လူမှုရေးနှင့် စီးပွားရေး လှုပ်ရှားမှုများတွင် ဖြေလျှော့ပေးရန် အစိုးရတွင် အစီအစဉ်ရှိသည့် အတွက် စားသောက်ဆိုင်များနှင့် ပန်းခြံ များ၊ အခြားသော စီးပွားရေး လုပ်ငန်းများမှာ ဧည့်သည်လက်ခံ သည့် လူဦးရေတိုးရန် မျှော်မှန်း ထားကြသည်။
နောက်ထပ် ကူးစက်မှုလှိုင်း ဖြစ်ပေါ်မည့် အန္တရာယ်မှလည်း ကာကွယ်သွားမည် ဖြစ်သည်။
အရေးပေါ် အခြေအနေ ကြေညာထားမှု အောက်တွင် ပြည်သူများ ခရီးသွားလာမှုကို ရှောင်ကြဉ်ရန် သတိပေးထားပြီး ခရီးသွား ကဏ္ဍတွင်လည်း ပြည်တွင်းခရီးသွားလုပ်ငန်းတွင် တိုးတက်လာမည့် အလားအလာ ကို တွေ့မြင်ရသည်။
တိုကျို ဒစ္စနေးဥယျာဉ်နှင့် ယူနီဗာဆယ် စတူဒီယိုတို့တွင် လာရောက် လည်ပတ်မည့် ဧည့်သည် အရေအတွက်ကို ၅၀၀၀ မှ ၁၀၀၀၀ အထိ တိုးမြှင့် သွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံတွင် ကိုဗစ် - ၁၉ ကူးစက်မှုများ လျော့ကျလာပြီး ဩဂုတ် ၂၀ ရက်တွင် နေ့စဉ် ကူးစက်မှုနှုန်းမှာ ၂၅၈၆၇ ဦးရှိခဲ့ပြီး စက်တင်ဘာ ၃၀ ရက်တွင်မူ ၁၅၇၆ ဦးသာ ရှိခဲ့သည်။
ကျိုဒို