ဂျပန်နိုင်ငံ၌ ကိုဗစ်-၁၉ ကူးစက်သူ တစ်သန်းခွဲကျော်လွန်ရောက်ရှိ

တိုကျို စက်တင်ဘာ  ၁ 
ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကူးစက် သူ အရေအတွက်သည် စက်တင် ဘာ ၁ ရက်က ၁ ဒသမ ၅ သန်း ကျော်လွန်လာပြီဖြစ်သည်။ 
၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁၆ ရက်က နိုင်ငံအတွင်း ပထမဆုံး ကိုဗစ်-၁၉   ကူးစက်ဖြစ်ပွားမှု   စတင်ခဲ့သည်။ ကာနာဂါဝခရိုင်မှ တရုတ်နိုင်ငံ ဝူဟန်သို့ ခရီးသွားခဲ့ သော  အသက် ၃၀ ဝန်းကျင် အမျိုးသားတစ်ဦး      အဆုတ် အအေးမိရောဂါ    လက္ခဏာများ တွေ့ရှိခဲ့ပြီးနောက် ကိုဗစ်-၁၉ ကူးစက်ခံထားရကြောင်း  စစ်ဆေး တွေ့ရှိခဲ့သည်။ 
လှိုင်းနှစ်လှိုင်း   ကူးစက်ပြီး နောက်    အောက်တိုဘာ ၃၀ ရက်က ကိုဗစ်-၁၉ ကူးစက်သူ အရေအတွက်  ၁၀၀၀၀၀  အထိ ရောက်ရှိလာခဲ့သည်။ 
တတိယလှိုင်းသည် နှစ်ကုန် ခါနီးနှင့်   နှစ်သစ်အားလပ်ရက် များကို ရိုက်ခတ်ခဲ့သည်။ အထူး သဖြင့်       တိုကျိုတစ်ဝိုက်တွင် ဖြစ်သည်။  
ဗြိတိန်တွင် ပထမဆုံးတွေ့ရှိ ခဲ့သည် အယ်လ်ဖာ သန္ဓေပြောင်း ကိုဗစ်-၁၉ သည်    မတ်လတွင် ကူးစက်ဖြစ်ပွားခဲ့ပြီး  ကာဆိုင်း ဒေသကို    ဗဟိုပြုကာ   စတုတ္ထ လှိုင်း    အသွင်ကူးစက်ဖြစ်ပွားခဲ့ သည်။ အဆိုပါ ဗိုင်းရပ်စ်ကြောင့် ဧပြီ ၉ ရက်တွင်    လူပေါင်း ၅၀၀၀၀၀ အထိ  ကူးစက်ခဲ့သည်။  ကူးစက်မြန်  ပြင်းထန် ဒယ်လ်တာ အသွင်ပြောင်း     ကိုဗစ်-၁၉ ကူးစက်မှုစတင်ခဲ့ရာ ပဉ္စမလှိုင်း ကြောင့်      သြဂုတ် ၆ ရက်က      ကူးစက်သူပေါင်း       တစ်သန်း ကျော်လွန်လာခဲ့သည်။ ထို့နောက် စက်တင်ဘာ ၁ ရက် တွင်   နိုင်ငံ အတွင်း   ကိုဗစ်-၁၉ ကူးစက်သူ ပေါင်း ၁ ဒသမ ၅ သန်းကျော်လွန် ခဲ့သည်။
ကိုဗစ်-၁၉ ကူးစက်သူပေါင်း ၅၀၀၀၀၀ ကျော်လွန်ရန်    ၁၅ လ  ကြာမြင့်ခဲ့သည်။ သို့သော်လည်း ကိုဗစ်-၁၉ ကူးစက်သူ    တစ်သန်း ရောက်ရှိရန်           လေးလသာ       ကြာမြင့်ခဲ့သည်။     အဆိုးဆုံးမှာ နိုင်ငံအတွင်း ကိုဗစ်-၁၉ ကူးစက် သူပေါင်း ၁ ဒသမ ၅ သန်းအထိ  ရောက်ရှိရန် ၂၆ ရက်သာ ကြာမြင့် ခဲ့သည်။ 
နိုင်ငံတစ်ဝန်း         နေ့စဉ်  ကိုဗစ်-၁၉       ကူးစက်သူပေါင်း ၂၀၀၀၀ နီးပါးရောက်ရှိလာခဲ့ပြီး အပြင်း အထန်  ဖျားနာသူပေါင်းမှာ လည်း    စံချိန်တင်မြင့်တက်လျက်ရှိ သည်။ ထို့အတူ  နေအိမ်တွင်း     သီးသန့် ကန့်သတ်စောင့် ကြည့်သူ   အရေအတွက်လည်း မြင့်တက်လာ ခဲ့ပြီး သြဂုတ် ၂၅ ရက်က  ၁၁၈၀၀၀ အထိ ရောက်ရှိလာခဲ့သည်။
တိုကျို       အနီးဝန်းကျင် တစ်ဝိုက်ရှိ   ကျန်းမာရေးစောင့် ရှောက်မှုစနစ်များမှာလည်း ဝန်ပိ လျက်ရှိကြောင်း        သိရပြီး နောက်ထပ်လူများ ထပ်မံသေဆုံး လျက်ရှိသည်။ 
ဂျွန်ဟော့ကင်း   တက္ကသိုလ်    က          ထုတ်ပြန်ဖော်ပြချက် အရ  စက်တင် ဘာ ၁ ရက်အထိ  ကိုဗစ်-၁၉ ကူးစက်သူပေါင်းမှာ အမေရိကန်   ပြည်ထောင်စုတွင်  ၃၉ ဒသမ ၂ သန်း၊ အိန္ဒိယနိုင်ငံတွင် ၃၂ ဒသမ ၇၇ သန်း၊ ဘရာဇီးနိုင်ငံ တွင် ၂၀ ဒသမ ၇၈ သန်း၊ ပြင်သစ် တွင် ၆ ဒသမ ၈၃ သန်း၊ ဗြိတိန်နှင့် ရုရှားတွင်  ၆ ဒသမ ၈၂  သန်းစီ အသီးသီးဖြစ်ကြောင်း        သိရ သည်။
                 အင်န်အိတ်ချ်ကေ