ဂျပန်နိုင်ငံ၌ QR Code စနစ်ဖြင့် ‌ဝင်ရောက်ရသော စူပါမားကတ်ဖွင့်လှစ်

တိုကျို   စက်တင်ဘာ   ၆


ဂျပန်နိုင်ငံ တိုကျိုမြို့၌ ဝယ်ယူသူ၏ မိုဘိုင်းဖုန်းမှတစ်ဆင့် QR Code စနစ်ဖြင့် ဝင်ရောက်ရသော စူပါမားကတ်တစ်ခုကို ယနေ့ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။ 
အဆိုပါစူပါမားကတ်အား ကုန်ပစ္စည်းများလက်လီရောင်းချရေးလုပ်ငန်းတစ်ခုဖြစ်သည့် ဒိုင်အိနှင့် NTT Data နည်းပညာကုမ္ပဏီတို့ ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ စူပါမားကတ်၌ လာရောက်ဝယ်ယူသူများအနေဖြင့် မိမိတို့ဖုန်းတွင်ပါရှိသော QR Code စနစ်ဖြင့် စစ်ဆေးမှုခံယူ၍  ဆိုင်အတွင်းသို့ဝင်ရောက်ပြီး ကုန်ပစ္စည်းများ ကို ဝယ်ယူနိုင်ကြောင်း သိရသည်။  


အဆိုပါ   နည်းပညာသည်  ငွေရှင်းကောင်တာတွင်  ဝယ်ယူသူ အနေဖြင့် တန်းစီစောင့်ဆိုင်းရသည့် အခက်အခဲကို ပြေလည်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ၎င်းစူပါမားကတ်၌ ကင်မရာ ၃၂ လုံးတပ်ဆင်ထားပြီး ၎င်းကင်မရာများ၌ ဝယ်ယူသူရွေးချယ်ထားသော ကုန်ပစ္စည်း၏အလေးချိန်အား  အာရုံခံသည့်ကိရိယာများ  တပ်ဆင်ထား သည်။ ကုန်ပစ္စည်းများ ငွေပေးချေမှုကို ကုန်ပစ္စည်းဝယ်ယူသည့်သူ၏ အကြွေး ဝယ်ကတ်မှတစ်ဆင့် ပေးချေရမည်ဖြစ်ကြောင်း သိရသည်။ 


NTT Data နည်းပညာကုမ္ပဏီအနေဖြင့် အနာဂတ်ကာလတွင်  ကွန်ဒိုတိုက်ခန်းများ၊ ရုံးအသီးသီးရှိ စားသောက်ဆိုင်များနှင့် စက်ရုံများ၌ အဆိုပါနည်းပညာကို တိုးချဲ့အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရ သည်။ နိုင်ငံအတွင်းရှိ အခြားစီးပွားရေးလုပ်ငန်းများမှာလည်း အဆိုပါ နည်းစနစ်ကိုအသုံးပြုနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  


ကိုးကား - အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - စိုးသူရ