ဂျပန်နိုင်ငံရှိ ဆေးခန်းများတွင် ကိုဗစ် - ၁၉ လူနာများ များပြားလာ

 

တိုကျို     ဇူလိုင်   ၁၉
ဂျပန်နိုင်ငံတစ်လွှား  ကိုဗစ် - ၁၉   ကူးစက်ပျံ့နှံ့ လာသည့်အတွက် ဖျားနာသည့်လူနာများ ဆေးခန်း များတွင်   လာရောက်ပြသမှု   များပြားလျက်ရှိ ကြောင်း သိရသည်။
ဇူလိုင်   ၁၈ ရက်တွင်   တိုကျိုမြို့   ရှင်ဂျူကူ ရပ်ကွက်ရှိဆေးခန်းတစ်ခုတွင် လူနာများ များပြား လျက်ရှိသည်။  အသက် ၄၀ ဝန်းကျင် အမျိုးသား  တစ်ဦးမှာ    လည်ချောင်းနာပြီး   ဖျားနာသဖြင့် ဆေးခန်းသို့  ရောက်လာသည်။ ၎င်းကိုဆေးစစ် ကြည့်သည့်အခါ  ကိုဗစ် - ၁၉ ကူးစက်ခံထားရ ကြောင်း  တွေ့ရှိရသည်။  ၎င်းမှာ  ရောဂါဖြစ်ပွား သူများနှင့်  ထိတွေ့ထားမှုမရှိပေ။  ဆေးခန်းသို့ လာရောက်သည့်   လူနာ ၂၄ ဦးတွင်  ၁၁  ဦးမှာ  ကိုဗစ် - ၁၉   ကူးစက်ခံထားရကြောင်း   တွေ့ရှိ ရသည်။    လွန်ခဲ့သည့်လကုန်ပိုင်းမှ  စတင်ကာ နေ့စဉ်ဆေးခန်းလာပြသူများထဲတွင် ကိုဗစ် - ၁၉ ကူးစက်ခံထားရသူ ၁၀ ဦး ပုံမှန်တွေ့ရှိနေရသည်ဟု ဆေးခန်းက ပြောသည်။
ကိုဗစ် - ၁၉ ရောဂါလက္ခဏာများဖြစ်သည့်  ဖျားနာခြင်းနှင့် လည်ချောင်းနာခြင်းတို့မှာ ပုံမှန် အအေးမိသည့်လက္ခဏာနှင့် ဆင်တူသည့်အတွက်  ၎င်းတို့ကို ခွဲခြားရန် ခက်ခဲသည်။  ကိုဗစ် - ၁၉ က  ပို၍ ကူးစက်မှုလွယ်ကူသည်ဟု ဆရာဝန်များက ပြောသည်။
နွေရာသီအားလပ်ရက်ကာလ စတင်သည်နှင့် အခြားသူများနှင့် ထိတွေ့ဆက်ဆံမှုများ တိုးလာ သည်။ ထို့ကြောင့်  လူတိုင်း လူတိုင်း ကိုဗစ် - ၁၉  ကူးစက်မှုအခြေခံ   ကာကွယ်ရေးနည်းလမ်းများ ဖြစ်သည့်  လက်ဆေးခြင်း၊   လေဝင်လေထွက် ကောင်းအောင်ပြုလုပ်ခြင်းနှင့်   ချောင်းဆိုးပါက ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်းတို့ကို ပြုလုပ် သင့်သည်ဟု ဆေးခန်းဒါရိုက်တာက ပြောသည်။
အင်န်အိတ်ချ်ကေ