ဂျပန်နိုင်ငံရှိ လုပ်ငန်းခွင်များ၌ စက်ရုပ်များ အစားထိုးအသုံးပြုရေးဆောင်ရွက်

တိုကျို   ဩဂုတ်  ၂၅


ဂျပန်နိုင်ငံအတွင်း    လုပ်ငန်းခွင်များ၌ စက်ရုပ်များ   အစားထိုးအသုံးပြုရေးကို အစိုးရက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ကမ္ဘာပေါ်ရှိ စီးပွားရေးလုပ်ငန်းများ တွင် လက်ရှိအချိန်၌ လုပ်သားအင်အား လျော့နည်းလာမှုအပေါ်    အံဝင်ခွင်ကျ ရှိစေရန်     ယခုကဲ့သို့စက်ရုပ်များအား လုပ်ငန်းခွင်တွင်     အစားထိုးတာဝန် ထမ်းဆောင်စေခြင်းဖြစ်သည်ဟု  သိရ သည်။


တင်ပြတောင်းခံသွားမည်


ကုမ္ပဏီများအနေဖြင့် လုပ်ငန်းခွင် များတွင်  ခက်ခဲသော    လုပ်ငန်းတာဝန် များကို  ဆောင်ရွက်ရာတွင်  အဆင့်မြင့် နည်းပညာဖြင့်       တီထွင်ထားသော  စက်ရုပ်များကို     လိုအပ်လျက်ရှိပြီး ၎င်းနည်းပညာ လိုအပ်ချက်ကို ဖြည့်ဆည်း ပေးနိုင်ရန်အတွက် ဂျပန်နိုင်ငံ  စက်မှု ဝန်ကြီးဌာနအနေဖြင့်     အမေရိကန် ဒေါ်လာ ၁၇ သန်းကို လာမည့်ဘဏ္ဍာနှစ် အတွက်  ဘတ်ဂျက်မူကြမ်းအဖြစ်  တင်ပြ တောင်းခံသွားမည်ဖြစ်ကြောင်း    သိရ သည်။


စက်ရုပ်များအား   လုပ်ငန်းခွင်၌ အဆောက်အအုံများအတွင်း  သွားလာ ခြင်းနှင့်   ဓာတ်လှေကား   စီးနင်းခြင်း ကဲ့သို့သော ဆောင်ရွက်ချက်များကိုလည်း စေခိုင်းခြင်းအပါအဝင်  စက်ရုပ်များ၏ ရောက်ရှိနေသောနေရာကို  ရှာဖွေနိုင် သည့်      နည်းပညာများ     ပါဝင်သော အဆင့်မြင့်နည်းပညာသုံး      ပစ္စည်း ကိရိယာများကိုလည်း ထုတ်လုပ်နိုင်ရန် အတွက် ယခုတင်ပြတောင်းခံထားသော ဘတ်ဂျက်ငွေများထဲမှ ကျခံသုံးစွဲသွားရန် ဆောင်ရွက်လျက်ရှိကြောင်း        ဂျပန်နိုင်ငံ စက်မှုဝန်ကြီးဌာနက      ပြောကြားသည်။ 


ကိုးကား-အင်န်အိတ်ချ်ကေ
ဘာသာပြန်-စိုးသူရ