ဂျပန်နိုင်ငံတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ်ထိုးနှံမှုကို အင်တိုက်အားတိုက်ဆောင်ရွက်

 

 

တိုကျို  ဇွန်  ၂၈
ဂျပန်အစိုးရ၏ ကာကွယ်ဆေးထိုးနေရာများတွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ်ထိုးနှံမှုကို အင်တိုက်အားတိုက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ 
ပြည်သူများသည် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအသုတ်ကို တိုကျိုနှင့် အိုဆာကာရှိ ကာကွယ် ဆေးထိုးနေရာများတွင် ထိုးနှံမှု ခံယူခဲ့ကြသည်။ 
ကိုဗစ်-၁၉ ကာကွယ်ဆေးများကို အသက် ၁၈ နှစ်နှင့်  ၎င်းအထက် အသက်အရွယ်ကြီးသူများကို ထိုးပေးခဲ့သည်။ အသက် ၈၁ နှစ်အရွယ် အဘွားအို တစ်ဦးက သူ့အနေဖြင့်  ယခင်က   အိမ်ထဲတွင်သာ နေထိုင်ခဲ့ရကြောင်း၊ အဘယ်ကြောင့်ဆိုသော ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမည်ကို စိုးရိမ်သောကြောင့်ဖြစ် ကြောင်း၊ သို့သော်လည်း ယခုအခါတွင် သူ့အနေဖြင့် လေ့ကျင့်ခန်းလုပ်ရန်  အခွင့်အလမ်းများ  ရရှိလာပြီ ဖြစ်ကြောင်း ပြောသည်။ 
စမ်းသပ်စစ်ဆေးခြင်းမရှိဘဲ ကာကွယ်ဆေးထိုးပေးသွားမည်မဟုတ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနက ဖော်ပြသည်။ ပြည်သူများအနေဖြင့် ကြိုတင် စာရင်းပေးထားခြင်းမရှိဘဲ ကာကွယ်ဆေးထိုးနေရာ များတွင် တန်းစီစောင့်ဆိုင်းနေသည်ကိုတွေ့ရှိပြီးနောက် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ 
အင်န်အိတ်ချ်ကေ