ဂျပန်နိုင်ငံတွင် လူဦးရေ ၇၅ ရာခိုင်နှုန်းမှာ ပထမအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပြီးဖြစ် 

 

 

တိုကျို   အောက်တိုဘာ  ၁၉


ဂျပန်နိုင်ငံတွင်    ကိုဗစ်- ၁၉ နောက်ထပ်   ကူးစက်မှုများမှာ ဆက်လက်ကျဆင်းလျက်ရှိသည်။ တိုင်းပြည်လူဦးရေ၏ ၇၅ ရာခိုင် နှုန်းကို ပထမအကြိမ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးပေးပြီးဖြစ်သည် ဟု အစိုးရက ပြောသည်။ နှစ်ကြိမ် ကာကွယ်ဆေးထိုးပြီးသည့် အရေ အတွက်မှာ ၆၇  ရာခိုင်နှုန်းရှိသည်။ ကာကွယ်ဆေး     ထိုးနိုင်မှုနှုန်း မြင့်မားလာသည့်အတွက်  အချို့ သော မြူနီစီပယ်ဧရိယာများတွင် ကာကွယ်ဆေး       ထိုးပေးသည့် နေရာများကို လျှော့ချလာသည်။ တိုကျိုမြို့အနီး     ခါရှီဝါမြို့တွင် ဘူတာရုံရှေ့       မျက်နှာစာတွင် ကာကွယ်ဆေး    မထိုးရသေးသူ များကို အသိပေးနိုင်ရေး   ကြေညာ မှုများ        ပြုလုပ်လျက်ရှိသည်။ တိုကျိုမြို့      ရပ်ကွက်ထဲမှ အာဏာပိုင်များသည်   အောက်တို ဘာ ၁၇ ရက်က ဖိုက်ဇာကိုဗစ်-၁၉ ကာကွယ်ဆေး      ထိုးပေးရန် အတွက် ယာယီတဲများ    ပြင်ဆင် လျက်ရှိသည်။ ယခင်က  မော်ဒါနာ ကာကွယ်ဆေးထိုးပေးသည့်နေရာများတွင်  ဖိုက်ဇာ  ကာကွယ်ဆေး ထိုးပေးနိုင်ရန်   ပြင်ဆင်နေကြခြင်း ဖြစ်သည်။ အသက် ၂၀  ဝန်းကျင် လူငယ်များကို   ကာကွယ်ဆေး နှစ်မျိုးမှ တစ်မျိုးကို  ရွေးချယ်ခွင့် ပေးရန် ပြီးခဲ့သည့်    သီတင်းပတ် အတွင်း အစိုးရကဆုံးဖြတ်ခဲ့သည်။ အောက်တိုဘာ   ၁၈    ရက်တွင် ကိုဗစ်-  ၁၉ နောက်ထပ် ကူးစက် ခံရသူ ၂၃၀ ထပ်မံတွေ့ရှိခဲ့သည်။
တိုကျိုတွင်    ကိုဗစ်- ၁၉ ကူးစက်ခံရသူ ၂၉ ဦး   တွေ့ရှိခဲ့ပြီး အဆိုပါပမာဏမှာ       ယခုနှစ် အတွင်း   အနိမ့်ဆုံး      ပမာဏပင် ဖြစ်သည်။         
အင်န်အိတ်ချ်ကေ