ဂျပန်နိုင်ငံတွင်ကားသစ်များကို အွန်လိုင်းပေါ်မှ ရောင်းချရန် ဟွန်ဒါကားကုမ္ပဏီ ပြုလုပ် 


 

 

တိုကျို စက်တင်ဘာ ၂၀


ဟွန်ဒါမော်တော်ကား    ကုမ္ပဏီ သည် ဂျပန်နိုင်ငံတွင်ကားသစ်များ ကို      အွန်လိုင်းပေါ်မှတစ်ဆင့်ရောင်းချသည့်     ပထမဆုံးကားကုမ္ပဏီဖြစ်လာမည်ဖြစ်သည်။ 
ကိုဗစ် -၁၉ ကပ်ရောဂါကာလ အတွင်း   ဝယ်သူများနှင့်မျက်နှာ ချင်းဆိုင် ကားရောင်းချမှုကြောင့် ရောဂါကူးစက်မှုကို   ရှောင်ရှားရန် ဟု   တုံ့ပြန်ချက်ပေးထားသည်။ ရောင်းချမှုများကို   ကိုင်တွယ်နိုင် ရေးအတွက်   လာမည့်လအတွင်း ဝက်ဘ်ဆိုက်ပြုလုပ်မည်ဟု   ကား ကုမ္ပဏီသတင်း အရင်းအမြစ်က ပြောသည်။ 
ကားများ    ပို့ဆောင်ခြင်းကို အရောင်း    ကိုယ်စားလှယ်များက ပြုလုပ်မည်ဖြစ်သည်။  ကားသစ် ရောင်းချရာတွင်  ဆွေးနွေးညှိနှိုင်း မှုကို ဆိုင်တွင်သာ ပြုလုပ်လေ့ရှိပြီး ငွေကြေးပမာဏ    များပြားသည့် အတွက်   ယင်းသို့   ရောင်းချခြင်း ဖြစ်သည်။ 
သို့သော်လည်း  ဝယ်သူများက လူချင်းမျက်နှာချင်းဆိုင်တွေ့ကာ ရောင်းချခြင်းကို   ရှောင်ရှားလို သည်ဟု     တောင်းဆိုမှုများပြား လာသည့်အတွက် ယခုလို  ပြုလုပ် ခဲ့ခြင်းဖြစ်သည်ဟု   ဟွန်ဒါကား ကုမ္ပဏီကပြောသည်။ 
ကပ်ရောဂါ     ကာလတွင်း နောက်ထပ်   ဖောက်သည်အသစ် များရရှိရန်         ကားကုမ္ပဏီက မျှော်လင့်ထားသည်။  အမေရိကန် ကားကုမ္ပဏီကြီးဖြစ်သည့်  Tesla နှင့် ဂျာမနီမှ BMW တို့သည်လည်း ဂျပန်နိုင်ငံတွင်  ကားရောင်းချမှုကို အွန်လိုင်းပေါ်တွင်     စတင်လုပ် ကိုင်နေကြပြီဖြစ်သည်။ 
အင်န်အိတ်ချ်ကေ