
တိုကျို ဇွန် ၁၅
ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါနှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ တို့သည် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြင့်မားလာစေ ရန် ဂျပန်နိုင်ငံသို့ အိန္ဒိယ ဝန်ကြီးချုပ် လာရောက်လည်ပတ် စဉ်အတွင်း ကတိပြုခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ်ကီရှီဒါနှင့် ဝန်ကြီး ချုပ် မိုဒီတို့သည် အီတလီနိုင်ငံ၌ G-7 ထိပ်သီးအစည်းအဝေး၏ နောက်ထပ် အစည်းအဝေးတစ်ခု တွင် ဇွန် ၁၄ ရက်က တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။ ယခုလ အစောပိုင်းက ၎င်း၏ တတိယအကြိမ်မြောက် ဝန်ကြီးချုပ်တာဝန် စတင် ထမ်းဆောင်သည့် အိန္ဒိယဝန်ကြီး ချုပ် မိုဒီသည် ထိပ်သီးအစည်း အဝေးသို့ ဖိတ်ကြားထားသည့် ကမ္ဘာ့ခေါင်းဆောင်များထဲမှ ပါဝင် သည်။
ပိုမိုမြင့်မားလာမည်
ဂျပန် - အိန္ဒိယ အထူးမဟာ ဗျူဟာနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုသည် ၁၀ နှစ်မြောက် ရှိပြီဖြစ်ကြောင်း၊ လာမည့် ၁၀ နှစ် အတွင်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုမြင့်မားလာမည်ဟု မျှော်လင့် မိကြောင်း ကီရှီဒါက မှတ်ချက်ပြု ပြောကြားသည်။
အနီးကပ် ပူးပေါင်းဆောင်ရွက်
အိန္ဒိယသည် နှစ်နိုင်ငံဆက်ဆံ ရေးကို တိုးမြှင့်ရန် ဂျပန်နိုင်ငံနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက် လိုကြောင်း မိုဒီကပြန်လည် ပြော ကြားသည်။
အင်န်အိတ်ချ်ကေ