
တိုကျို အောက်တိုဘာ ၁၈
ဂျပန်တော်ဝင်မင်းသမီး မာကို၏ ချစ်သူသည် မင်းသမီး၏မိဘများ ဖြစ်သော အိမ်ရှေ့မင်းသား အာကီရှီနို ဇနီးမောင်နှံနှင့် တိုကျို မြို့တွင် တွေ့ဆုံခဲ့သည်။
ကိုမူရိုကီသည် အောက်တိုဘာ ၁၈ ရက် နံနက်ပိုင်းတွင် တိုကျိုသို့ ရောက်ရှိခဲ့သည်။ သုံးနှစ်ကြာပြီး နောက် ပထမဆုံးအကြိမ်အဖြစ် မင်းသမီးမာကိုနှင့် ကိုမူရိုတို့ ပြန်လည်တွေ့ဆုံကြခြင်း ဖြစ် သည်။
၎င်းသည် ဥပဒေကျောင်း တက်ရန်အတွက် အမေရိကန် ပြည်ထောင်စုသို့ သွားရောက်ခဲ့ သည်။ မင်းသမီးမာကိုသည် အိမ်ရှေ့မင်းသား အာကီရှီနို၏ အကြီးဆုံးသမီးဖြစ်ပြီး ၎င်းတို့ လက်ထပ်ပွဲမတိုင်မီ ကိုမူရိုသည် မင်းသမီး၏မိဘများကို ဦးစွာ လာရောက် နှုတ်ဆက်ခြင်း ဖြစ်သည်။
မင်းသမီးမာကိုနှင့် ကိုမူရိုတို့ သည် လက်ထပ်မှတ်ပုံတင်ပြီး နောက် အောက်တိုဘာ ၂၆ ရက် တွင် ဂျပန်နိုင်ငံ မြို့တော် ဟိုတယ်တစ်ခုတွင် သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်ဖြစ်သည်။
အင်န်အိတ်ချ်ကေ