ဂျပန်ဝန်ကြီးချုပ်၏ သတ္တိရှိသည့် ခေါင်းဆောင်မှုကို အမေရိကန်သမ္မတ ချီးကျူး

 

တိုကျို    သြဂုတ်    ၁၅
ဂျပန်နိုင်ငံ၏ အဓိက အာဏာရလစ်ဘရယ်ဒီမိုကရက်တစ် ပါတီခေါင်းဆောင်နေရာအတွက် ပါတီတွင်း ထင်ရှားကျော်ကြားသူများ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အနိုင်ရသူသည် ဂျပန်နိုင်ငံ၏ ဝန်ကြီးချုပ်သစ် ဖြစ်လာမည်ဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် ကီရှီးဒါး ဖူမီယိုသည် လာမည့် လတွင်ကျင်းပမည့် ဥက္ကဋ္ဌရွေးကောက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်တော့မည်        မဟုတ်ကြောင်း ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။  ဂျပန်ဝန်ကြီးချုပ်၏ သတ္တိရှိသည့် ခေါင်းဆောင်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အပေါ် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ချီးကျူး လိုက်ပြီး ကီရှီးဒါးသည် ကမ္ဘာပေါ်တွင် ဂျပန်နိုင်ငံ၏   အခန်းကဏ္ဍကို    လုံးဝပြောင်းလဲပေးလိုက်ကြောင်း ပြောကြားခဲ့သည်။
ဘိုင်ဒန်က   မိမိနှင့်    ဂျပန်ဝန်ကြီးချုပ်သည် အမေရိကန်-ဂျပန်မဟာမိတ်ကဏ္ဍကို အမြင့်ဆုံး အထိ    တက်လှမ်းနိုင်ရန်     လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဂျပန်ဝန်ကြီးချုပ်၏ ခေါင်းဆောင်မှုကို ကျေးဇူး တင်ရှိပါကြောင်းနှင့် အနာဂတ် အမေရိကန်-ဂျပန် မိတ်ဖက်ကဏ္ဍသည် ယခုထက်ပိုမိုလှပ ကောင်းမွန် လာမည်ဖြစ်ကြောင်း ဘိုင်ဒန်က ပြောကြားခဲ့သည်။ လာမည့် အင်္ဂါနေ့တွင် ကျင်းပမည့် လစ်ဘရယ်ဒီမို ကရက်တစ်ပါတီရွေးကောက်ပွဲဆိုင်ရာ     အစည်း အဝေးအတွက် တာဝန်ရှိသူများက သင့်တော်သော အချိန်ဇယားကို ဆုံးဖြတ်မည်ဖြစ်သည်။
လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ     အထွေထွေ အတွင်းရေးမှူးဟောင်း    အီရှီဘာ  ရှီဂီရူက    မိမိ အနေဖြင့်  ထောက်ခံသူ  ၂၀  ရရှိမည်ဆိုပါက ပါတီ ခေါင်းဆောင်နေရာပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွား မည်ဟု   မကြာသေးမီက  အရိပ်အမြွက်ပြောကြား ခဲ့သည်။
ထို့အတူ      ပါတီ၏အထွေထွေအတွင်းရေးမှူး မိုတီဂီ တိုရှီမစ်ဆု၊ ဒစ်ဂျစ်တယ်အသွင်ပြောင်းရေးဝန်ကြီး   ကိုနိုတာရို၊   စီးပွားရေးလုံခြုံရေးဝန်ကြီး တာကာအိချီဆာနဲ၊ သဘာဝပတ်ဝန်းကျင်ဝန်ကြီး ဟောင်း ကိုအိဇူမီ ရှင်ဂျီရိုနှင့် စီးပွားရေးလုံခြုံရေး ဝန်ကြီးဟောင်း ကိုဘာယာရှိ တာကာယူကီ၊ ထို့အပြင် ယခင်ဥက္ကဋ္ဌ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုဒါဆီကို တို့သည်လည်း ပါတီခေါင်းဆောင်နေရာ အတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုသည့် သတင်း များ ထွက်ပေါ်နေသည်။
အင်န်အိတ်ချ်ကေ