
ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ကို မတ် ၁၇ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားခဲ့ရာ လိုင်လီနှင့် ချယ်ဆီး အသင်းတို့ပွဲစဉ်တွင် ချယ်ဆီးက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်း ရလဒ် လေးဂိုး- တစ်ဂိုးဖြင့် ချယ်ဆီးအသင်း နောက်တစ်ဆင့် တက်ရောက်နိုင်ခဲ့သည်။ ဂျူဗင်တပ်စ်နှင့် ဗီလာရီးရဲအသင်း တို့ပွဲစဉ်တွင် ဗီလာရီးရဲက သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နှစ်ကျော့ပေါင်းရလဒ် လေးဂိုး-တစ်ဂိုးဖြင့် ဗီလာရီးရဲအသင်း နောက်တစ်ဆင့် တက် ရောက်နိုင်ခဲ့သည်။
လိုင်လီနှင့် ချယ်ဆီးအသင်းတို့ ပွဲစဉ်တွင် နှစ်သင်းကြား ခြေစွမ်းကွာဟမှုမရှိဘဲ အဆုံး သတ် သေချာသည့် ချယ်ဆီးအသင်းက အနိုင် ရရှိခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၃၈ မိနစ်တွင် ရီလ်မက်ဇ်က ရရှိလာသည့် ပယ်နယ်တီကို အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့သည့် အတွက် လိုင်လီအသင်း ဦးဆောင်ဂိုးရရှိခဲ့သည်။ ပထမပိုင်းပွဲချိန်ပြည့်ခါနီးတွင် ချယ်ဆီးအသင်း အတွက် ချေပဂိုးကို ပူလီဆစ်က သွင်းယူပေးခဲ့ သည်။ ပွဲချိန် ၇၁ မိနစ်တွင် ချယ်ဆီးအသင်း အတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးကို အက်စ်ပီလီကျူတာက သွင်းယူပေးခဲ့သည်။
ဂျူဗင်တပ်စ်နှင့် ဗီလာရီးရဲအသင်းတို့ ပွဲစဉ်တွင် ဂျူဗင်တပ်စ်အသင်းသည် အိမ်ကွင်း တွင် ကစားရသော်ငြား ရရှိလာသည့် အပိုင် အခွင့်အရေးများကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခြင်း မရှိသည့်အတွက် ဗီလာရီးရဲအသင်းကို ရှုံးနိမ့် ကာ ၁၆ သင်းအဆင့်မှ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။ ဗီလာရီးရဲအသင်းအတွက် ဦးဆောင်ဂိုးကို ပွဲချိန် ၇၈ မိနစ်တွင် မိုရီနိုက ပယ်နယ်တီမှတစ်ဆင့် သွင်းယူပေးခဲ့သည်။ ဒုတိယဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် သွင်းယူပေး ခဲ့သလို တတိယဂိုးကို ပွဲချိန်ပြည့်ခါနီးတွင် ဒန်ဂျူမာက ပယ်နယ်တီမှတစ်ဆင့် သွင်းယူ ပေးခဲ့သည်။ ထို့ကြောင့် ချန်ပီယံလိဂ်ကွာတား ဖိုင်နယ်သို့ ချယ်ဆီး၊ ဗလင်စီယာအသင်း အပါအဝင် လီဗာပူး၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ ဘင်ဖီကာ၊ အက်သလက်တီကို မက်ဒရစ်၊ ရီးရဲမက်ဒရစ် အသင်းတို့ တက်ရောက်နိုင် ခဲ့သည်။
အောင်ဇော်