
ပရီမီယာလိဂ်ကလပ် မန်စီးတီးအသင်းသည် နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂျာမန်ကလပ် ဒေါ့မွန်အသင်းမှ တိုက်စစ်ကစားသမား ဟာလန်း အတွက် စာချုပ်လျော်ကြေး ယူရို ၇၅ သန်း ပေးချေ ကာ အီတီဟက်သို့ ခေါ်ယူရန် ဆန္ဒရှိနေကြောင်း သတင်းများတွင် ဖော်ပြထားသည်။
ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် အသက် ၂၁ နှစ်အရွယ် တိုက်စစ်ကစားသမားအတွက် တစ်ပတ်လုပ်အားခ ပေါင် ၅၀၀၀၀၀ ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေသောကြောင့် ဟာလန်း ကို ခေါ်ယူရေးတွင် အခြားသော အသင်းများထက် လက်ဦးမှုရရှိရန် နီးစပ်နေသည်။ အဆိုပါ ဒေါ့မွန် ကြယ်ပွင့်ကို မန်စီးတီးအသင်းအပြင် နာမည်ကြီး ရီးရဲမက်ဒရစ်အသင်းနှင့် ပီအက်စ်ဂျီအသင်းတို့ ကလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရသည်။
ဟာလန်းအနေဖြင့် ဒေါ့မွန်အသင်းတွင် သက်တမ်းတိုးနိုင်ဖွယ်ရှိသော်လည်း မန်စီးတီး အသင်းက အီတီဟက်သို့ ခေါ်ယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့ သည့် နွေရာသီ အပြောင်းအရွှေ့ကာလတွင် စပါးတိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူရန် ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း သိရသည်။
ဟာလန်းသည် ဒေါ့မွန်အသင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ် ၈၅ ပွဲ တွင် ၈၂ ဂိုးအထိ သွင်းယူပေးထားသည်။ အောင်ဇော်