
ဝါရှင်တန် ဇူလိုင် ၂၆
အမေရိကန် သမ္မတဟောင်း ဘားရတ် အိုဘားမားက ကာမလာ ဟားရစ်အား သမ္မတလောင်း အဖြစ် ရွေးချယ်မှုကို ထောက်ခံ ကြောင်း ဇူလိုင် ၂၆ ရက် နံနက် အစောပိုင်းက ကြေညာသည်။
ယခုအပတ် အစောပိုင်းက မီရှဲလ်နှင့် အိုဘားမားတို့ ဇနီး မောင်နှံက သူငယ်ချင်းဖြစ်သူ ကာမလာဟားရစ်ထံ ဖုန်းခေါ်ဆို ပြီး ၎င်းကို အမေရိကန် ပြည်ထောင်စု၏ သမ္မတဖြစ်လာ လိမ့်မည်ဟု ယုံကြည်ကြောင်းနှင့် ၎င်းကို အပြည့်အဝထောက်ခံ ကြောင်း ဖုန်းပြောဆိုခဲ့သည့် ဗီဒီယိုဖိုင်ကို လူမှုမီဒီယာ ပလက်ဖောင်း X တွင် အိုဘားမား က ဖော်ပြခဲ့သည်။
နိုဝင်ဘာလတွင် ဟားရစ်အနိုင် ရရှိစေရန် သေချာအောင် မိမိတို့ တတ်နိုင်သမျှ လုပ်ဆောင်သွား မည်ဟု ကတိပြုကြောင်းနှင့် လူထုကို ပူးပေါင်းပါဝင်ရန် ၎င်းက တိုက်တွန်းခဲ့သည်။
၂၀၀၈ ခုနှစ် ရွေးကောက်ပွဲ တွင် အနိုင်ရပြီးနောက် ရှစ်နှစ်ကြာ အမေရိကန် သမ္မတအဖြစ် တာဝန် ထမ်းဆောင်ခဲ့သော အိုဘားမား သည် လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် သမ္မတရွေးကောက်ပွဲမှ နုတ်ထွက် ကြောင်း ကြေညာခဲ့ပြီးနောက် ဟားရစ်ကို ဒီမိုကရက်တစ်သမ္မတ လောင်းအဖြစ် အဆိုပြုမှုကို ထောက်ခံပြောကြားချက် ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
ဆင်ဟွာ