
အော့တဝါ စက်တင်ဘာ ၂၅
ဟွာဝေးနည်းပညာ ကုမ္ပဏီမှ အဆင့်မြင့်အရာရှိတစ်ဦး ဖြစ်သူ မန့်ဝမ်ကျို့မှာ ကနေဒါနိုင်ငံတွင် သုံးနှစ်နီးပါးကြာ ထိန်းသိမ်းခံထား ရပြီးနောက် ယခုအခါ တရုတ်နိုင်ငံ သို့ ထွက်ခွာခွင့်ရရှိသွားပြီဟု သိရ သည်။
အမေရိကန် အာဏာပိုင်များ နှင့် သဘောတူညီချက်ရရှိပြီး နောက် ယခုလို ခွင့်ပြုချက် ရရှိ ခဲ့ခြင်းဖြစ်သည်။ တရုတ်နိုင်ငံ၏ တယ်လီကွန်း ကုမ္ပဏီကြီးမှ ဘဏ္ဍာရေး အရာရှိချုပ်ဖြစ်သူ မန့်ဝမ်ကျို့မှာ ၂၀၁၈ ခုနှစ်တွင် အီရန်နိုင်ငံအပေါ် ပိတ်ဆို့ထားမှု များကို ချိုးဖောက်မှုကြောင့် အမေရိကန်၏ တောင်းဆိုမှုဖြင့် ကနေဒါနိုင်ငံတွင် ထိန်းသိမ်းခံထား ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် ၎င်းကို အခြားသောစွဲချက်များဖြင့် စွဲချက်တင်ခံရသည်။
နောက်ပိုင်းတွင် အာမခံဖြင့် လွတ်လာသော်လည်း ဗန်ကူးဗားမြို့ရှိနေအိမ်တွင်တင်းကျပ်သည့် စောင့်ကြည့်မှုများ အောက်တွင် နေထိုင်ရသည်။ မန့်ဝမ်ကျို့ စင်းလုံးငှားလေယာဉ်ဖြင့် တရုတ် နိုင်ငံသို့ပြန်သွားချိန် ကနေဒါ ဝန်ကြီးချုပ်ဂျက်စတင်ထရူးဒိုက တရုတ်နိုင်ငံတွင် ထိန်းသိမ်းခံ ထားရသည့် ကနေဒါနိုင်ငံသား နှစ်ဦးမှာလည်း အိမ်သို့ပြန်လာ နေပြီဖြစ်ကြောင်း သတင်းထောက် များကို ပြောခဲ့သည်။
အင်န်အိတ်ချ်ကေ