ဟဲဟိုးမြို့၌ စစ်မှုထမ်းဆောင်မည့်သူများကို ထောက်ပံ့ရန်အတွက် သုံးလတစ်ကြိမ် အလှူငွေ တစ်သောင်းမှ သုံးသောင်းအထိ တောင်းခံဟု သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်  ဇွန်  ၂၇
ရှမ်းပြည်နယ်      ကလောမြို့နယ် ဟဲဟိုးမြို့၌    ဇွန်    ၂၅  ရက်က အစည်းအဝေးခေါ်ယူကာ    စစ်မှု ထမ်းမည့်သူများကို    ထောက်ပံ့ ရန်အတွက်        သုံးလတစ်ကြိမ်၊ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် တစ်သောင်းမှ   သုံးသောင်းကျပ် အထိ ပေးရမည်ဟု ခြိမ်းခြောက် တောင်းယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို အကြမ်းဖက် အားပေး ပြည်ဖျက်မီဒီယာများက  လူမှုကွန်ရက်  စာမျက်နှာများတွင် ပြည်သူများ    အထင်အမြင်လွဲမှား စေရန်        မဟုတ်မမှန်လုပ်ကြံ ရေးသားဝါဒ   ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အထက်ပါသတင်းနှင့်     ပတ် သက်၍   ကလောမြို့နယ်၊  ဟဲဟိုး မြို့ရှိ အုပ်ချုပ်ရေးဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ အကြမ်းဖက်အားပေး    ပြည်ဖျက် မီဒီယာများ၏ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍  ကောလာ ဟလ သတင်းအမှားများကြောင့် မိဘပြည်သူများ   စိုးရိမ်ပူပန်မှုနှင့် သိရှိနားလည်မှု      မလွဲမှားစေရေး အတွက်      တာဝန်ရှိသူများက ရပ်ကွက်၊     ကျေးရွာအုပ်စုများ အလိုက်    ပြည်သူများသို့     အသိ ပညာပေး        ချပြရှင်းလင်းခြင်း လုပ်ငန်းများ     အခါအားလျော်စွာ ဆောင်ရွက်ပေးလျက်ရှိမှု   အပေါ်  မဟုတ်မမှန်လုပ်ကြံရေးသားကာ ဝါဒဖြန့်ချိနေခြင်းသာဖြစ်ကြောင်း သိရသည်။     သတင်းစဉ်