ဟေတီငလျင်ကြောင့် သေဆုံးသူ ၃၀၄ ဦးရှိလာပြီး မြေပြိုမှုများကြောင့် အဓိကလမ်းမကြီး ပိတ်ဆို့မှုဖြစ်ပေါ်

 

ပေါ်တို   ဩဂုတ်  ၁၅


ဟေတီနိုင်ငံတွင်ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျုရှိသော ငလျင်လှုပ်ခဲ့ရာ ၃၀၄ ဦးသေဆုံးခဲ့ပြီး လူပေါင်း ၁၈၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်ဟု ဆင်ဟွာသတင်းတွင် ဖော်ပြသည်။  မြေပြိုမှုများလည်းဖြစ်ပေါ်ခဲ့ရာ  အဓိက လမ်းမကြီးလည်း ပိတ်ဆို့မှု ဖြစ်ပေါ်ခဲ့ရသည်ဟု ဟေတီအာဏာပိုင်များက ဩဂုတ် ၁၄ ရက်တွင်ပြောသည်။ 
အမှတ် ၇ အဝေးပြေးလမ်းမကြီးမှာ  တောင်ပိုင်း မြို့များဖြစ်သည့်     လက်စ်ကေ့စ်နှင့်  ဂျရယ်မီမြို့တို့ကို ဆက်သွယ်ပေးထားသည့်   လမ်းမကြီးဖြစ်သည်။ အဆိုပါလမ်းမကြီးမှာ  မြေပြိုမှုကြောင့်    ပိတ်ဆို့မှု ဖြစ်ပေါ်နေကြောင်း၊      ပုံမှန်ယာဉ်သွားလာမှုများ ပြန်လည်လုပ်ဆောင်နိုင်ရေးအတွက် ရှင်းလင်းမှုများ        လုပ်ဆောင်နေကြောင်းနှင့် ကယ်ဆယ်ရေးအဖွဲ့များ နှင့်  ဒေသခံများကလည်း   အပျက်အစီးများကြား ပိတ်မိနေသည့်   ပြည်သူများကို    ကယ်တင်မှုများ ပြုလုပ်နေကြောင်း   အာဏာပိုင်များက  ပြောသည်။ ဟေတီဝန်ကြီးချုပ်   အေရီရယ်ဟင်နရီက    ၎င်းတို့ အစိုးရအဖွဲ့အနေဖြင့် ထိခိုက်ခံစားခဲ့ရသူ များကို   ကယ်တင်နိုင်ရေး  လုပ်ဆောင်သွားမည်ဟု ပြောသည်။  တောင်ပိုင်းမြို့ စိန့်လူးဝစ် ဒူဆုဒ် မြို့ ၁၂ ကီလိုမီတာအကွာကို   ဗဟိုပြု၍    လှုပ်ခဲ့ခြင်း ဖြစ်သည်။ 
၂၀၁၀ ပြည့်နှစ်ကလည်း     ဟေတီနိုင်ငံသည် အဖျက်အားကြီးမားသည့် ငလျင်တစ်ခုနှင့် ကြုံတွေ့ ခဲ့ရပြီး    လူပေါင်းသုံးသိန်းကျော်      အသက်ဆုံးရှုံး ခဲ့ရသည်။ သို့သော်လည်း ဟာရီကိန်းမုန်တိုင်းကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းကို အနည်းငယ် သာ လုပ်ဆောင်နိုင်ခဲ့သည်။                    

ဆင်ဟွာ