
လန်ဒန် ဒီဇင်ဘာ ၂၃
ဗြိတိန်နိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၀၆၁၂၂ ဦးဖြင့် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု စံချိန်တင်ခဲ့ပြီး နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါစတင်ဖြစ်ပွားချိန် မှစတင်ကာ နေ့စဉ်ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူအရေအတွက် တစ်သိန်းကျော်ခဲ့သည်မှာ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရ သည်။
လက်ရှိတွင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁၆၄၇၄၇၃ ဦးရှိလာကြောင်းလည်း သိရသည်။ ထို့ပြင် ဗြိတိန်နိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၁၄၀ ထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါရောဂါဖြင့် သေဆုံးသူစုစုပေါင်း ၁၄၇၅၇၃ ဦးရှိလာကြောင်း သိရသည်။
ယင်းသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံးမှုများရှိနေ သော်လည်း ခရစ္စမတ်ကာလမတိုင်မီကာလအတွင်း ကိုဗစ်-၁၉ ရောဂါဆိုင်ရာစည်းမျဉ်းများကို ထပ်မံချမှတ်မည်မဟုတ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အတည်ပြုပြောကြား သည်။
ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်