
ဇီးကုန်း မတ် ၆
ပဲခူးတိုင်းဒေသကြီး သာယာဝတီ ခရိုင် ဇီးကုန်းမြို့နယ် ရေတာရှည် ကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လူနေအိမ် ၁၅ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရ သည်။
ဖြစ်စဉ်မှာ ယမန်နေ့ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်က ရေတာရှည် ကျေးရွာနေ ဦးဇော်ဝင်း၏ နေအိမ် မီးဖိုမှတစ်ဆင့် မီးလောင်မှု ဖြစ်ပွားရာ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးက မြို့နယ်မီးသတ်ဦးစီး ဌာနသို့ ဆက်သွယ်အကြောင်း ကြားသဖြင့် မြို့နယ်မီးသတ် ဦးစီးမှူး ဦးသန်းနိုင်ဦး ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ် ယာဉ် သုံးစီး၊ ရေသယ်ယာဉ်တစ်စီး ဖြင့် သွားရောက်၍ ကျေးရွာသူ ရွာသားများနှင့်အတူ ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ မိနစ် ၂၀ တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် လူနေအိမ် ၁၅ လုံး မီးလောင် ဆုံးရှုံးခဲ့ပြီး၊ လူနှင့် တိရစ္ဆာန်များ ထိခိုက်ဆုံးရှုံးမှု မရှိကြောင်းနှင့် မီးဘေးသင့် အိမ်ထောင်စုဝင်များ အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ က ဘုန်းတော်ကြီးကျောင်း နှင့် နီးစပ်ရာဆွေမျိုးများထံတွင် နေရာချထားစီစဉ်ပေးခဲ့ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)